မန်စီးတီးအသင်းက ခေါ်ယူဖို့ ကမ်းလှမ်းချက်ရရှိခဲ့ပြီးနောက် ဝုဗ်ကွင်းလယ်လူ နူနက်စ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ ငြင်ဆန်ထားတယ်လို့သိရပါတယ်။
ပေါ်တူဂီကွင်းလယ်လူ မက်သရူးနူနက်စ်ကို မန်စီးတီးကပေါင် ၅၂ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ဝုဗ်အသင်းဘက်က ပေါင်သန်း ၆၀ အထိ အလိုရှိနေတာပါ။
နူနက်စ်ဘက်ကတော့ စီးတီးရဲ့ကမ်းလှမ်းချက် လက်ခံရရှိပြီးတဲ့နောက်မှာ အသင်းနဲ့အတူ လေ့ကျင့် ခန်း နှစ်ရက်ပျက်ကွက်ခဲ့တာပါ။
နူနက်စ်ဟာ မန်စီးတီးအသင်းဆီပြောင်းရွှေ့ခွင့်ရဖို့အတွက် အသင်းကို တောင်းဆိုထားပုံရပြီး ဝုဗ်ဘက်ကဒဏ်ကြေး ချမှတ်သွားဖို့ရှိပါတယ်။
ဘရာဇီးမှာမွေးခဲ့တဲ့ ပေါ်တူဂီသား နူနက်စ်ဟာ ဝုဗ်ကွင်းလယ်မှာခြေစွမ်းပြသနေပြီး မနှစ်ကရာသီမှာ ပရီးမီးယားလိဂ် ၃၄ပွဲ ကစားခဲ့သူဖြစ်ပါတယ်။
Photo-Reuters