Home
သတင်းဓာတ်ပုံ
ညောင်ချောင်းစစ်ရှောင်စခန်းတွင် တဲအိမ်များ ယိုင်နဲ့နေသဖြင့် နေထိုင်ရေး အခက်အခဲကြုံ
DVB
·
August 28, 2023
371363447_1635749336914555_2298079882495106831_n
371136413_1635749373581218_8647770286736945942_n
370857860_1635749320247890_488914741689986946_n
370499530_1635749400247882_8574335209368037484_n
370299067_1635749486914540_1531598984092752368_n
370299067_1635749486914540_1531598984092752368_n

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းက စစ်ရှောင်တွေရဲ့ တဲအိမ်တွေဟာ ယိုင်နဲ့နေတာကြောင့် နေထိုင်ရေး  အခက်အခဲကြုံနေကြတယ်လို့ စစ်ရှောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၆၉၂ စုရှိပြီး တဲအိမ်ပေါင်း ၆၉၂ အိမ်ရှိပါတယ်။

စစ်ဘေးရှောင်တွေရဲ့ တဲအိမ်တွေဟာ ဆောက်လုပ်ထားတာ ၃ နှစ်ကျော်ကြာပြီ ဖြစ်တဲ့အပြင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့အတွက် တဲအိမ်တွေ ယိုင်နဲ့ကုန်တာပါ။

စစ်ရှောင်စခန်းတာဝန်ခံက “စပြီးဆောက်တဲ့အချိန်ကနေ အခုထိ ပြုပြင်လိုက် နေလိုက်လုပ်လာတာပေါ့။ အခုက မိုခါလည်းထိသွားတော့ တဲတွေက လုံးဝယိုင်နဲ့ကုန်တာပါ။ UNHCR က စာကျထားပြီးပါပြီ၊ မကြာခင် ပြန်ဆောက်ကြတော့မှာပါ” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ စစ်ရှောင်ကာလ ၃ နှစ်ကျော်ကြာမြင့်ပြီး အလှူရှင်တွေကိုသာ အားကိုးနေရတဲ့အတွက် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရပါတယ်။

စစ်ရှောင်တွေဟာ ၂၀၂၀ ခုနှစ် မတ်လကတည်းက ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့အကြားမှာ ရခိုင့်တပ်တော် (AA) နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ် ညောင်ချောင်းကျေးရွာဘက်ကို ရွှေ့ပြောင်းလာကြရတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024