မျိုးဗီဇစမ်းသပ်ချက်တွေအရ ဝဂ္ဂနာကြေးစားစစ်တပ် အကြီးအကဲ ယဲ့ဗ်ဂနီ ပရီဂိုရှင်ဟာ သြဂုတ် ၂၃ ရက် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူ ၁၀ ဦးထဲမှာ ပါသွားပြီလို့ ရုရှားစုံစမ်းစစ်ဆေးရေးမှူးတွေက သြဂုတ် ၂၇ ရက်မှာ အတည်ပြုပြောပါတယ်။
ရုရှားလေကြောင်းအေဂျင်စီဟာ မော်စကိုမြို့အနောက်မြောက်ပိုင်း ထီဗာဒေသမှာ ပျက်ကျခဲ့တဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၁၀ ဦးလုံးရဲ့ နာမည်တွေကို အရင်က ထုတ်ပြန်ခဲ့ဖူးပါတယ်။
သေဆုံးသူတွေထဲမှာ ဝဂ္ဂနာအဖွဲ့ကို တည်ထောင်ရာမှာ ကူညီပေးခဲ့တဲ့ သူ့ညာလက်ရုံး ပရီဂိုရှင်နဲ့ ဒမစ်ထရီ အုထ်ကင် တို့ ပါပါတယ်။
ပရီဂိုရှင်ဟာ ရုရှားစစ်တပ်အား မအောင်မြင်တဲ့ ပုန်ကန်မှုကို ဦးဆောင်ပြီး နှစ်လအကြာမှာ ကိုယ်ပိုင်ဂျက်လေယာဉ် ပျက်ကျခဲ့တာပါ။
သမ္မတ ဗလာဒီမာပူတင်က ပရီဂိုရှင်ရဲ့ ပုန်ကန်မှုကို သစ္စာမဲ့ နောက်ကျော ဓားထိုးမှုအဖြစ် ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ ကရင်မလင်နန်းတော်မှာ ပရီဂိုရှင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ပူတင်ဟာ လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားသူတွေရဲ့ မိသားစုတွေဆီ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်မှာ ဝမ်းနည်းစကား ပါးခဲ့ပါတယ်။
Source/Photo-Reuters