နွေဦးတော်လှန်ရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ် ကာဘိုရိုမြို့မှာ ဒေသအချိန် ဩဂုတ် ၂၇ ရက်က ကျင်းပပါတယ်။
နွေဦးဂီတည “Summer musical night” လို့အမည်ပေးထားတဲ့ တော်လှန်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ အမေရိကန် မြန်မာဂီတအနုပညာရှင်တွေထဲက အဆိုတော်အေးချမ်းမေ အက်ဆစ်အဖွဲ့သား ဟစ်ဟော့ပ်အဆိုတော် ရန်ရန်ချမ်း၊ တေးသံရှင် လင်းနစ်၊ ကျော်သီဟနဲ့ ဒီဂျေပညာရှင် ဒီဂျေဝိုင်းတို့အပါအဝင် တခြား အနုပညာရှင်တွေက ပါဝင်သီဆို ဖျော်ဖြေ ခဲ့ကြပါတယ်။
ဒီပွဲကိုမြောက်ကာရိုလိုင်းနား အခြေစိုက် မြန်မာ့အရေးရန်ပုံငွေလှုပ်ရှားမှုအဖွဲ့ Big Fund က တာဝန်ယူကျင်းပခဲ့ပြီး Spring Revo တေးဂီတအဖွဲ့က တီးခတ်ဖျော်ဖြေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပွဲကနေရရှိလာတဲ့ အလှူငွေတွေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနဆီ ပေးအပ် လှူဒါန်းပေးအပ်မယ်လို့ သိရပါတယ်။