မြောက်ကိုးရီးယားနိုင်ငံမှာ ကိုဗစ်လော့ခ်ဒေါင်းတွေ နှစ်အတန်ကြာ ချမှတ်ခဲ့ပြီးနောက် ပြည်ပမှာနေထိုင်နေတဲ့ မိမိနိုင်ငံသားတွေ ပြန်လာနိုင်အောင် ခွင့်ပြုပေးလိုက်ပြီ ဖြစ်တယ်လို့ သြဂုတ် ၂၇ ရက်က နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဒီအထီးကျန်နိုင်ငံမှာ တင်းကြပ်တဲ့ နယ်စပ်ထိန်းချုပ်မှုတွေနဲ့ အတူ ကန့်သတ် ထားရာကနေ ခရီးသွားလာနိုင်အောင် ပြန်လည်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ အရေးပေါ် ကူးစက်ရောဂါ ကာကွယ်ရေးဌာနချုပ်က "ကမ္ဘာတစ်ဝှမ်းမှာ ကပ်ရောဂါအခြေအနေ လျော့ပါးလာတာနဲ့အမျှ" ကူးစက်ရောဂါ တိုက်ဖျက်ရေး အတိုင်းအတာနဲ့ အညီ ခွင့်ပြုပေးမှု ဖြစ်တယ်လို့ KCNA သတင်းအေဂျင်စီကတဆင့် ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။
ဒါ့အပြင် သင့်လျော်တဲ့ ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုနဲ့အတူ သီးသန်ဆောင်တွေမှာ ပြန်လာမယ့် သူတွေကို တပတ် ထားရှိမှာဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။
၂၀၂၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြုံးယမ်းရဲ့ အဲကိုရီယို လေယာဉ်က ပေကျင်းမြို့မှာ ဆင်းသက်နိုင်ခဲ့ပြီး ရက်ပိုင်းအကြာမှာ ဒီကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။
ကမ္ဘာကြီးရဲ့ နိုင်ငံရေးမှာရော၊ စီးပွားရေးမှာပါ အထီးကျန်ဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ မြောက်ကိုးရီးယား ဟာ ကပ်ရောဂါဆိုင်ရာ ပိတ်ဆို့မှုတွေကနေ တဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်ပေးနေတာ ဖြစ်ပါတယ်။
Source/Photo-Reuters