မြောက်ကိုးရီးယားက ထောက်လှမ်းရေးဂြိုလ်တုကို ကမ္ဘာပတ်လမ်းထဲမှာ ထားဖို့ နောက်ဆုံးအကြိမ် ကြိုးပမ်းမှုဟာ သြဂုတ် ၂၅ ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးရဲ့ ဗဟိုချက် ဖြစ်လာခဲ့ပါတယ်။
ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချရာမှာ စည်းလုံးညီညွတ်ကြဖို့ အမေရိကန်၊ ပြင်သစ်နဲ့ ဂျပန်တို့က ကိုယ်စားလှယ်တွေက တိုက်တွန်းခဲ့ပေမယ့် တရုတ်နဲ့ ရုရှားကိုယ်စားလှယ်တွေက ဒေသတွင်း အနောက်နိုင်ငံက တပ်တွေ ရှိနေတာက မတည်မငြိမ်ဖြစ်စေတဲ့ အချက်အဖြစ် ထောက်ပြခဲ့ပါတယ်။
ဂြိုလ်တုကို သယ်ဆောင်ထားတဲ့ ဒုံးပျံကို လွှတ်တင်ရာမှာ တတိယအဆင့်မှာ ပြဿနာ ကြုံရတဲ့ အတွက် ကမ္ဘာပတ်လမ်းအတွင်း ထောက်လှမ်းရေး ဂြိုလ်တု ထားရှိရေး မြောက်ကိုရီးယားရဲ့ ဒုတိယအကြိမ် ကြိုးပမ်းမှုဟာ ဩဂုတ် ၂၄ ရက်က မအောင်မမြင် ဖြစ်ခဲ့ပါတယ်။
အာကာသဆိုင်ရာ အာဏာပိုင်တွေက အောက်တိုဘာလမှာ ထပ်ကြိုးစားဖို့ ကတိပြု ထားပါတယ်။
မြောက်ကိုရီးယားရဲ့ ကြီးထွားလာနေတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ လေကြောင်းရန်ကာကွယ်ရေး စစ်ရေး လေ့ကျင့်မှုကို သြဂုတ် ၂၃ ရက် က တောင်ကိုရီးယားနိုင်ငံမှာ ဆင်နွှဲခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုနဲ့ တခြား အရေးပေါ်အခြေအနေတွေအတွက် တုန့်ပြန်မှု တိုးတက်စေရေးအတွက် တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေဟာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အူချီ အရပ်ဘက်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုတွေ၊ အူချီ လွတ်လပ်ရေးဒိုင်း စစ်ရေးလေ့ကျင့်မှု နဲ့ တခြား စစ်ရေးလေ့ကျင့်မှုတွေကို သြဂုတ် ၂၁ ရက်မှာစတင် လေ့ကျင့်ခဲ့ပါတယ်။
Source/Photo-Reuters