ဂျပန်နိုင်ငံက ပျက်စီးသွားတဲ့ ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံက သန့်စင်ထားတဲ့ ရေဒီယိုသတ္တိကြွ ရေတွေကို ဂျပန်နိုင်ငံက စွန့်ထုတ်လို့ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ရှောင်ရှားဖို့ တောင်ကိုရီးယားအစိုးရအနေနဲ့ ခြေလှမ်းတွေကို လှမ်းဖို့ ဩဂုတ် ၂၆ ရက်က ဆိုးလ်မြို့တော်မှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့ မြောက်ဘက် ဖူကူရှီးမား နျူကလီးယားစက်ရုံက ရေကို ဩဂုတ် ၂၄ ရက်က ပင်လယ်ထဲ စတင် စွန့်ပစ်ခဲ့လို့ ပြည်တွင်းပြည်ပက ငါးလုပ်ငန်း အသိုင်းအဝိုင်းနဲ့ တခြား အသိုင်းအဝိုင်းတွေက ကန့်ကွက်ခဲ့ကြပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှာကို စိုးရိမ် နေကြပါတယ်။
“ရေတွေ ပင်လယ်ထဲ စွန့်ဖို့ ညစ်ညမ်းရေတွေကို သိပ္ပံနည်းကျ ဘေးကင်းအောင် လုပ်ထားတယ်လို့ အခိုင်အမာ ပြောနေပေမယ့် သူတို့ စွမ်းရည်ကို မယုံနိုင်ဘူး။ ပြဿနာတွေ မလွဲတမ်း ဖြစ်လာမယ်လို့ သေချာသိတယ်”လို့ ချီတက်ပွဲကို စီစဉ်တဲ့ ကိုရီးယားဓာတ်ရောင်ခြည် စောင့်ကြည့်ရေးအုပ်စုက ချွေးကယောင်းဆွတ်က ပြောပါတယ်။
လူပေါင်း သုံးသောင်းလောက် ပါဝင်ဆန္ဒပြခဲ့တယ်လို့ ပွဲစီစဉ်သူတွေကို ကိုးကားပြီး KBS ရုပ်သံက ဖော်ပြခဲ့ပါတယ်။
ဂျပန်နဲ့ သိပ္ပံ အဖွဲ့အစည်းတွေကတော့ စွန့်ပစ် ရေဟာ ဘေးကင်းတယ်လို့ ဆိုပါတယ်။
စက်ရုံကို လည်ပတ်နေတဲ့ တိုကျို အီလက်ထရောနစ် စွမ်းအင်ကုမ္ပဏီကတော့ ခွဲထုတ်ရခက်ခဲတဲ့ ရေဒီယိုသတ္တိကြွ ဟိုက်ဒရိုဂျင် အိုင်ဆိုတုပ်တွေကို ဖယ်ရှားဖို့ ထရီတီယံကို ချန်ထားပြီး တခြားအိုင်ဆို တုပ်တွေကို စစ်ထုတ် နေခဲ့ပါတယ်။
Source/Photo-Reuters