အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် ဂါရီဗေးလ်မြို့က တရက်ကို ရေနံစိမ်းစည် ခြောက်သိန်း နီးပါး ထုတ်လုပ်နိုင်တဲ့ လောင်စာဆီ သိုလှောင်ကန် နှစ်ခုနဲ့ အနီးဆုံးမှာရှိတဲ့ ထုတ်လုပ်မှု ယူနစ်တွေ ကို ဩဂုတ် ၂၅ ရက်က မာရသွန်ရေနံကော်ပိုရေးရှင်းက ပိတ်ပစ်ခဲ့ပါတယ်။
မီးငြှိမ်းသတ်မှု အခြေအနေတွေ တိုးတက်နေလို့ နောက်ထပ် ရေနံလှောင်ကန်တွေကို ပိတ်ပစ်ဖို့ အကဲဖြတ်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။
မစ္စစ္စပီမြစ်နားက ရေနံချက်စက်ရုံရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ ရေနံလှောင်ကန် ၂ ခု ဩဂုတ် ၂၅ ရက် မနက်က မီးလောင်ခဲ့လို့ နယူးအော်လင်းမြို့ရဲ့ အနောက်ဘက် ၃၈ မိုင်အကွာက ကျေးလက်ဒေသ အထိ အနက်ရောင်မီးခိုးလုံးကြီးတွေ ရောက်သွားခဲ့ပါတယ်။
Source/Photo-Reuters