ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ်မြို့တော်အနီးက ခရက်ဗယ်ဒီရားရပ်ကွက်ရဲ့ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်မှာ ပေါက်ကွဲမှု ၂ခု ဖြစ်ပွားခဲ့ပြီးနောက် လူ ၁ ဦးသေဆုံးကာ ၄၆ ဦးအထိ ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
သြဂုတ် ၂၆ ရက်မှာ ပထမပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အနီးအနားက နေအိမ် ၁ လုံးနဲ့ ဓာတ်ငွေ့ တိုင်ကီ ၂ လုံးကိုပါ မီးကူးစက်ခဲ့တဲ့အတွက် မီတာ ၃၀၀ အချင်းဝက် အတွင်းကသူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရ တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မီးငြှိမ်းသတ်ရာမှာ မီးသတ်ကား ၂၅ စီးအထိ ပါဝင်ခဲ့တဲ့အပြင် ယာဉ်အသွားအလာတွေကိုပါ ပိတ်ဆိုခဲ့ရတယ်လို့ အရေးပေါ်အခြေအနေများဆိုင်ရာ အစိုးရအေဂျင်စီ (IGSU)က ပြောပါတယ်။
ဒီဖြစ်ရပ်အတွင်း မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ခံစားခဲ့ရတဲ့ လူ ၈ ဦးကိုတော့ အသက်ရှုနိုင်အောင် ကြိုးပမ်းရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အခင်းဖြစ်ပွားရာ စနေနေ့ညနေပိုင်းမှာတင် ဒုတိယပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ဓာတ်ငွေ့ ဆိုင်ကို ရောက်ရှိနေတဲ့ မီးသတ်သမား ၂၆ ဦး အထိ ထိခိုက်မှုရှိခဲ့တယ်လို့ ဒုတိယပြည်ထဲရေးဝန်ကြီး ရာ့တ် အာရာ ဖတ် က အတည်ပြုပါတယ်။
အရေးပေါ် တုံ့ပြန်ရေးဌာနမှာလည်း ဒုဝန်ကြီး အာရာဖတ်က တာဝန်ခံဖြစ်ပါတယ်။
ရိုမေးနီးယား အစိုးရအေဂျင်စီတွေရဲ့ အရေးပေါ်အစည်းအဝေး တခုအပြီးမှာတော့ ဝန်ကြီးချုပ် မာချယ် ချိုလာကူ (Marcel Ciolacu) က လူနာ ၄ ဦးကို ဘယ်လ်ဂျီယံနဲ့ အီတလီနိုင်ငံတွေရဲ့ ဆေးရုံ တွေအထိ လွှဲပြောင်းပေးရဖို့ ရှိတယ်ဆိုပြီး မှတ်ချက်ပေးသွားပါတယ်။
Source/Photo-Reuters