Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ အွန်လိုင်းလိမ်လည်မှုပြုနေသည့် တရုတ်နိုင်ငံသား ၅ ဦးကို ပြန်ပို့
DVB
·
August 27, 2023
369652668_224573563887372_6022204089176101101_n

ဆက်သွယ်ရေးနည်းပညာကိုအသုံးပြုပြီး မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ လိမ်လည်နေတယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၂၄ ယောက်ကို ပြန်ပို့ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ တရုတ်သံရုံးက သြဂုတ် ၂၆ ရက် မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မနေ့ကလည်း သံသယရှိသူ ၅ ယောက်ကို မြန်မာရဲတွေက တရုတ်ရဲတွေဆီကို လွှဲပြောင်းပေးခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ တဆင့် တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနည်းပညာကိုသုံးပြီး အွန်လိုင်းကနေလိမ်လည်နေတယ်လို့ သံသယရှိသူ တရုတ်နိုင်ငံသား ၂၄ ယောက် ကို ၄ ရက်အတွင်းပြန်ပို့ပေးနိုင်ခဲ့တယ်လို့ တရုတ်သံရုံးကဆိုပါတယ်။

သြဂုတ် ၂၃ ရက်နေ့ကလည်း ဆက်သွယ်ရေးနည်းပညာနဲ့လိမ်လည်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၂ ယောက်ကို လေဆိပ်ကနေ ပြန်ပို့ခဲ့ပါသေးတယ်။

သူတို့ထဲကတယောက်ဟာ လောင်းကစားနဲ့ လိမ်လည်တဲ့အဖွဲ့ရဲ့ အမာခံ ခေါင်းဆောင်ဖြစ်ပြီး ဒီပြစ်မှုတွေထဲမှာ အဓိကကျတဲ့သူလို့ သံရုံးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း လိမ်လည်တဲ့ တရုတ် ၆ ယောက်ကို ဖမ်းဆီး ပို့ဆောင်ခဲ့သေးပြီး သြဂုတ် ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ မြန်မာ၊ တရုတ်၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့ ပူးပေါင်းပြီး ဒေသအတွင်း ပျံ့နှံ့နေတဲ့ အွန်လိုင်းလောင်းကစားနဲ့ ဆက်သွယ်​ရေး လိမ်လည် လှည့်ဖြားမှုက အစပြုတဲ့ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနဲ့ တရားမဝင် ထိန်းသိမ်းမှုလို ရာဇဝတ်မှုတွေကို အရှိန်အဟုန်မြှင့်ပြီး တိုက်ဖျက်ဖို့ အထူးစစ်ဆင်ရေးတရပ် ဆင်နွှဲသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အရ အခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024