Home
မြန်မာသတင်း
ကွတ်ခိုင်အနီးတွင် စစ်ကောင်စီ ယာဉ်တန်းနှင့် TNLA တို့ တိုက်ပွဲဖြစ်
DVB
·
August 26, 2023
370624932_1025284811852845_2690030713776526094_n

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ကုန်သွယ်ရာလမ်းမပေါ်က ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား ရှုခင်းသာနဲ့ နောင်ဆွေရာနားမှာ ဩဂုတ် ၂၅ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီ ယာဉ်တန်းနဲ့ TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

မနေ့ညနေ ၅ နာရီမှာ ရှုခင်းသာအောက် ဟိုနောင်အထက်နားမှာ တိုက်ပွဲဖြစ်ပြီးနောက် ညနေ ၅ နာရီခွဲလောက်မှာလည်း ကွတ်ခိုင်ကနေ မူဆယ်ဘက်အထွက် နောင်ဆွေရွာ အပြင်နားက မိုင်ကုန်အောက်မှာ ထပ်ဖြစ်သေးတယ်လို့ ကွတ်ခိုင်ဒေသခံတယောက်က ပြောပါတယ်။

"ဟုတ်တယ်။‌ ၂ နေရာ ဟုတ်တယ်။ မိုးချုပ်တောင်ချုပ်လာပြီ၊ အဲဒီအချိန်။ တောင်ပေါ်ဘက်က ဆင်းလာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို တိုက်တာ" လို့ ပြောပါတယ်။

နမ့်ဖက်ကာကနေ ကွတ်ခိုင်ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ဒီမနက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကား ၁၆ စင်း ပါတဲ့ အဲဒီ စစ်ကောင်စီ ယာဉ်တန်းကို TNLA တပ်မဟာ ၅၊ တပ်ရင်း ၃၃၅ က ကွတ်ခိုင်အနီး နောင်ဆွေရွာနားမှာ မနေ့ညနေ ၅ နာရီ ကနေ ၆ နာရီလောက်အထိ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း TNLA ဘက်က ထိခိုက်မှုမရှိကြောင်းနဲ့ စစ်ကောင်စီဘက်က ထိခိုက်မှုရှိပေမယ့် ထိခိုက်မှု အသေးစိတ်ကို မသိရဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကနေ ဒီကနေ့ ဩဂုတ် ၂၆ ရက်နေ့ အထိ စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပေါင်း ၁၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။

Photo : PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာန

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024