Home
မြန်မာသတင်း
ထောပတ်သီးဆီ တနိုင်တပိုင်ထုတ်လုပ်သူ များလာ
DVB
·
August 26, 2023
370482052_1635149230307899_4310908067092925175_n

မြန်မာနိုင်ငံမှာ ထောပတ်သီးအဆီကို အသုံးပြုသူနဲ့ စားသုံးသူတွေ ပိုများလာသလို တယ်လို့ တနိုင်တပိုင်ထုတ်လုပ်သူတွေလည်း များလာတယ်လို့ ထောပတ်သီးဆီ ရောင်းချသူတွေဆီက သိရပါတယ်။

ထောပတ်သီးအဆီကို အလှကုန်ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြုသလို ကျန်းမာရေးလိုက်စားသူတွေက သာမာန်ဆီအစားထိုး စားသုံးကြတာဖြစ်ပြီး အရင်ကတော့ ပြည်ပနိုင်ငံတွေက မှာယူသုံးစွဲရာကနေ အခုတော့ ပြည်တွင်းမှာ ထုတ်လုပ်လာကြတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် နေရာအနှံ့နဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တို့မှာ အဓိကစိုက်ပျိုးကြပြီး ရှမ်းပြည်နယ် အောင်ပန်းမြို့အနီးဝန်းကျင်ကျေးရွာတွေမှာ ထောပတ်ဆီ တနိုင်တပိုင် ထုတ်လုပ်ကြတာပါ။

ထောပတ်သီးဆီရောင်းချသူတယောက်က “ကိုယ့်ဒေသမှာ ထွက်တဲ့အသီးကို ကြိတ်ရောင်းတာပေါ့။ အရင်က နိုင်ငံခြားက မှာသုံးရတဲ့ထောပတ်ဆီက ပြည်တွင်းမှာ တနိုင်တပိုင်ထုတ်ကြတော့ အသုံးပြုသူလည်းပိုများလာတာပါ” လို့ ပြောပါတယ်။

ထောပတ်သီးဆီကို သုံးမျိုးခွဲခြားထားပြီး ဈေးနှုန်းတွေကတော့ Hass အသီးကနေ ထုတ်တဲ့ အဆီကို တလီတာ ၂၂,၀၀၀၊ ဒေသမျိုးထောပတ်သီးက ထုတ်လုပ်တဲ့ အဆီကို တလီတာ ၁၇,၅၀၀၊ အလှကုန်ထုတ်လုပ်တဲ့ ထောပတ်သီးဆီ တလီတာကို ၁၂,၅၀၀ အထိ အသီးသီး ပေါက်စျေးရှိပါတယ်။

ဆေးပညာဆောင်းပါးတွေမှာတော့ ထောပတ်သီးအဆီဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတမျိုးဖြစ်ပြီး ကိုလက်စထရောကိုလျှော့ပေးလို့ နှလုံးကျန်းမာရေးကောင်းစေတာ၊ မျက်စိနဲ့အရေပြားကို ကောင်းမွန်စေတာ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့ကို ကာကွယ်နိုင်ပြီး အရွယ်တင်နုပျိုစေတာ စတဲ့ ကောင်းကျိုးတွေရှိတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024