စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကို ဆန့်ကျင်တဲ့အနေနဲ့ စပိန်လက်ရွေးစင်တိုက်စစ်မှူး ဘိုဟာအီဂလက်ဆီးယက်စ်ဟာ လက်ရွေးစင်အသင်းကနေ နုတ်ထွက်သွားပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ယူဘီယာလက်စ်ဟာ စပိန်အမျိုးသမီးကွင်းလယ်လူ ဟာမိုဆိုကို ကမ္ဘာ့ဖလားချန်ပီယံဆုပေးပွဲ စင်မြင့်ပေါ်မှာ အနမ်းပေးခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူပါ။
မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စပိန်ဘောလုံးဥက္ကဋ္ဌက ရာထူးကနေ နုတ်ထွက်မှာမဟုတ်ကြောင်း ပြောဆိုခဲ့ပြီးနောက် တိုက်စစ်မှူး အီဂလက်စီယာဟာလည်း အသင်းအတွက် ကစားပေးတော့မှာ မဟုတ်ကြောင်းထုတ်ပြန်ခဲ့တာပါ။
အမျိုးသမီးကစားသမားတစ်ဦးရဲ့ နှုတ်ခမ်းကို အနမ်းပေးခဲ့တာမျိုးက လက်ခံနိုင်စရာမရှိကြောင်း၊ ရာထူးအပြောင်းအလဲ တစ်ခုခုမလုပ်ဆောင်တဲ့ အချိန်အထိ လက်ရွေးစင် အသင်းအတွက်က စားပေးတော့မှာမဟုတ်ကြောင်း အီဂလက်ဆီးယက်စ်က ပြောသွားပါတယ်။