Home
နိုင်ငံတကာ
အိန္ဒိယအာကာသယာဉ် လကမ္ဘာ၏ တောင်ဝင်ရိုးစွန်းတွင် ဆက်လက် စူးစမ်းရှာဖွေနေ
DVB
·
August 25, 2023
India'sMoon rover Lunar

အိန္ဒိယနိုင်ငံပိုင် ချန်ဒရာယန်-၃ လပေါ်သွားယာဉ်ဟာ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်း မျက်နှာပြင်ပေါ် အောင်အောင်မြင်မြင်ဆင်းသက်နိုင်ပြီးနောက်မှာ ဆက်လက် စူးစမ်းရှာဖွေနေပါတယ်။

သြဂုတ် ၂၄ ရက်အတွင်း အာကာသယာဉ်ကနေ ထွက်ခွာလာခဲ့တဲ့ စူးစမ်းရေးယာဉ်ဟာ စမ်းသပ်မှုတွေ စတင်ပြုလုပ်တော့မှာဖြစ်တယ်လို့ အိန္ဒိယအာကာသသုတေသနအဖွဲ့ (ISRO) အနေနဲ့ အတည်ပြုပါတယ်။

ISRO ဟာ လမျက်နှာပြင်ပေါ် သွားလာနေတဲ့ စူးစမ်းရေးယာဉ်ရဲ့ ပထမဆုံးသော ခြေလှမ်းတွေကို အရင်က တွစ်တာလို့ သိထားကြတဲ့ X ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။

ဒီလို စူးစမ်းရှာဖွေမှုတွေ မပြုလုပ်ရသေးတဲ့ လရဲ့ တောင်ဝင်ရိုးစွန်းမှာ အိန္ဒိယ အာကာသယာဉ်ဟာ သြဂုတ် ၂၃ ရက်က ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ မစ်ရှင်တခုမှာတော့ ရုရှားနိုင်ငံရဲ့ လူနာ-၂၅ အာကာသယာဉ်က မအောင်မြင်ဘဲ ပျက်ကျခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ လကမ္ဘာပေါ် ဆင်းသက်နိုင်ရေး ကြိုးပမ်းမှုတခု ကျရှုံးခဲ့ပြီးနောက် ဒီတခေါက် ညင်သာစွာ ဆင်းသက်နိုင်မှုက စံနမူနာ ဖြစ်လာခဲ့ပါတယ်။ ဒီမစ်ရှင်ကြောင့် အိန္ဒိယနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဂုဏ်ယူဝမ်းမြောက်စွာ အောင်ပွဲခံခဲ့ကြပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024