ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ကနေ ရန်ကုန်ဘက်ကို ထွက်ခွာလာတဲ့ Air KBZ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ဩဂုတ် ၂၄ ရက် ညနေ ခွဲကျော် ဝန်းကျင်က ကလေးမွေးဖွားခဲ့တယ်လို့ သွားရောက် ကူညီခဲ့တဲ့ ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
"လေယာဉ်ပေါ်မှာက သူက ကျနော်တို့ကို ခေါ်တာက ရေမွှာပေါက်နေပြီ အဲလိုမျိုး ခေါ်တာပေါ့နော်။ ကျနော်တို့ သွားတော့ ကလေးက လေယာဉ်ပေါ်မှာပဲ မွေးသွားတာပေါ့။" လို့ ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း တာဝန်ရှိသူ တဦးက ပြောပါတယ်။
လေယာဉ် ထွက်သွားပြီး ၅ မိနစ်လောက်အကြာ မိုင်းဆတ်မြို့ အရောက်လောက်မှာ ရေမွှာပေါက်ပြီး ပြန်လှည့်လာခဲ့ပေမဲ့ မမီတော့ပဲခရီးသည်တွေရဲ့ အကူအညီနဲ့ မွေးဖွားခဲ့တာလို့ လေယာဉ် ဝန်ထမ်းတွေ ပြောပြကြောင်း သူက ပြောပါတယ်။
"လေယာဉ်က ထွက်သွားပြီ။ ...ရန်ကုန်ကို သွားတာဆိုတော့ မိုင်းဆတ်လောက်ကို ရောက်နေပြီပေါ့နော်။" လို့ သူက ပြောပါတယ်။
ကလေးက မိန်းကလေးဖြစ်ပြီး ကလေးရော လူကြီးပါ ကျန်းမာတယ်လို့ သူက ပြောပါတယ်။
မွေးကင်းကလေးနဲ့ မွေးလူနာကို ခဲရာခဲစစ်သယ်ဆောင်ရပြီး နီးစပ်ရာကောင်းမြတ်ဆေးခန်းသို့ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက လိုက်ပါ ပို့ဆောင် ကူညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
Photo- ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း