ကမ္ဘာ့ဖလားဆုပေးပွဲအခမ်းအနားမှာ ချန်ပီယံစပိန်အမျိုးသမီး ကစားသမားကို အနမ်းပေးခဲ့တဲ့ စပိန်FA ဥက္ကဋ္ဌကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က စုံစမ်းစစ်ဆေးသွားတော့မှာပါ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံး ဗိုလ်လုပွဲမှာစပိန်က အင်္ဂလန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ပထမဆုံးအကြိမ်ချန်ပီယံဖြစ်ခဲ့တာပါ။
ဆုပေးပွဲစင်မြင့်ပေါ်မှာ ဆုတံဆိပ်ချီးမြှင့်တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌယူဘီယာလက်စ်ဟာ ကွင်းလယ်ကစားသမား ဂျန်နီဟာမိုဆိုရဲ့ နှုတ်ခမ်းကို အနမ်းပေးခဲ့တာပါ။
အဲဒီကိစ္စကို ဝေဖန်မှုတွေရှိလာပြီးနောက် ယူဘီယာလက်စ်ဘက်က ချန်ပီယံဆု ဖလားရရှိတာကြောင့် စိတ်လှုပ်ရှားမူကြောင့် လုပ်မိခဲ့တာဖြစ်ကြောင်း ပြန်လည်တ တောင်းပန်ခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ဖီဖာဘက်က ဒီကိစ္စ စုံစမ်းစစ်ဆေးတော့မှာဖြစ်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟာ ဖီဖာစည်းမျဉ်းဥပဒေ ၁၃ က အပိုဒ် ၁ နဲ့ ၁ ကို ချိုးဖောက်နိုင်ကြောင်း စွပ်စွဲထားပါတယ်။
ဘယ်လို အရေးယူမလဲဆိုတာ မသိရသေးပေမဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအနေနဲ့ ရာထူးကနေ နုတ်ထွက်သွားဖို့အထိ ဖိအားပေးခံရနိုင်တယ်လို့ သိရပါတယ်။