ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ သြဂုတ် ၂၂ ရက်က ယှဥ်ပြိုင်ကစားခဲ့တဲ့ ၂၈ ကြိမ်မြောက် ၂၀၂၃ ဒိန်းမတ်ကမ္ဘာ့ချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲ ၆၄ သင်းအဆင့်မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာက မက္ကဆီကိုကြက်တောင်မယ် ဟာရာမာရာကို ၂ ပွဲပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၆၁ ရှိတဲ့ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၉၀ ရှိတဲ့ မက္ကဆီကို ကြက်တောင်မယ်ကို ၂၁-၁၃၊ ၂၁-၁၉ နဲ့ အနိုင်ယူပြီး ၃၂ သင်းအဆင့်သို့ တက်ရောက်ခဲ့ပါတယ်။
သက်ထားသူဇာဟာ ၃၂ သင်းအဆင့်မှာ ကမ္ဘာ့အဆင့် ၁၄ ရှိတဲ့ ကနေဒါကြက်တောင်မယ် မီချယ်လီနဲ့ သြဂုတ် ၂၃ ရက်မှာ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။
၂၀၂၃ ဒိန်းမတ်ကမ္ဘာ့ချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲကို ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပတာဖြစ်ပြီး အဆင့်တိုင်းမှာ ဆုကြေးငွေရရှိမှာဖြစ်ကာ ပထမရွှေတံဆိပ်ဆုကို ဒေါ်လာ ၁၃,၀၀၀ ရရှိမှာဖြစ်ပါတယ်။
၂၈ ကြိမ်မြောက် ဒိန်းမတ်ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၅၄ နိုင်ငံက ကစားသမားပေါင်း ၃၆၇ ဦး ဝင်ပြိုင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ သက်ထားသူဇာတဦးသာ ဝင်ယောက်ယှဥ်ပြိုင်ပါတယ်။