အမေရိကန်နိုင်ငံ၊ တင်နက်ဆီပြည်နယ် ဘရိုက်ထ်စ် တိရစ္ဆာန်ရုံမှာ ပြီးခဲ့တဲ့လက အစက်အပြောက်ကင်းတဲ့ သစ်ကုလားအုတ်တကောင် ရှားရှားပါးပါး မွေးဖွားခဲ့ပါတယ်။
ရိုးရိုး သစ်ကုလားအုတ်တွေရဲ့ တကိုယ်လုံးက အမွေးတွေမှာ အစက်အပြောက်ပါတဲ့ လက္ခဏာရပ်ပုံစံမရှိဘဲ အခုမွေးလာတဲ့ အရောင်ပြောင်ချောဖြစ်နေတဲ့ ဒီသစ်ကုလားအုတ်ဟာ တမျိုးတဘာသာ ထူးခြားနေတယ်လို့ တိရစ္ဆာန်ရုံက ယုံကြည်ထားပါတယ်။
ဇူလိုင် ၃၁ ရက်က မွေးခဲ့တဲ့ သစ်ကုလားအုတ်အမရဲ့ နာမည်ကို သြဂုတ် ၂၂ ရက်မှာ စလုပ်ခဲ့တဲ့ ဆိုရှယ်မီဒီယာ စစ်တမ်းအရ ဆုံးဖြတ်မှာပါ။ စစ်တမ်းမှာ ရွေးထားတဲ့ နာမည်တွေထဲမှာ ဆွာဟီလီဘာသာနဲ့ခေါ်ပြီး “ထူးခြားသော” လို့ အဓိပ္ပာယ်ရတဲ့ နာမည် ကီပယ်ကဲနဲ့ မကြုံစဘူး ထူးကဲတယ်လို့ အဓိပ္ပာယ်ရတဲ့ နာမည် ဖီရာယာလီတို့ ပါဝင်ပါတယ်။
စစ်တမ်းကို စက်တင်ဘာ ၄ ရက်အထိ လုပ်ဆောင်သွားမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အစက်အပြောက်ကင်းတဲ့ သစ်ကုလားအုတ်ကို ၁၉၇၂ ခုနှစ်မှာ ဂျပန်နိုင်ငံက တိရစ္ဆာန်ရုံမှာ မွေးဖွားခဲ့ဖူးတယ်လို့ ဒေသတွင်း မီဒီယာတွေက ဆိုပါတယ်။
Source - Reuters