အီရန်အပေါ် ရန်လိုတဲ့ ဘယ်လက်ကိုမဆို အီရန်အစိုးရက ဖြတ်တောက်ပစ်မယ်လို့ အီရန်သမ္မတ အီဗရာဟင်မ် ရိုင်စီက အဆင့်မြင့် ပြည်တွင်းဖြစ် ဒရုန်းတစင်းကို ထုတ်ဖော်ပြသတဲ့ အခမ်းအနားအတွင်း သြဂုတ် ၂၂ ရက်က ပြောလိုက်ပါတယ်။
မိုဟာဂျာတန်း ဒရုန်းယာဉ်ဟာ ပိုကောင်းတဲ့ ပျံသန်းမှုအကွာအဝေးနဲ့ ကြာချိန်အပြင် ဝန်ပိုတွေကိုပါ သယ်နိုင်တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
ဒီဒရုန်းဟာ စစ်ဆင်ရေး အကွာအဝေး ၁,၂၄၀ မိုင် ရှိပြီး ၂၄ နာရီအထိ ပျံသန်းနိုင်ပါတယ်။ သယ်နိုင်တဲ့ဝန်အားက ၆၆၁ ပေါင်အထိ သယ်နိုင်ပြီး မိုဟာဂျာ-6 ဒရုန်းရဲ့ စွမ်းဆောင်ရည်ထက် နှစ်ဆ ပိုနေတာပါ။
ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားနိုင်ငံကို တခြား မောင်းသူမဲ့လေယာဉ်တွေ အပါအဝင် မိုဟာဂျာ-6 မောင်းသူမဲ့လေယာဉ်တွေ ပေးအပ်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက စွပ်စွဲထားပြီး ဒီစွဲချက်ကို အီရန်အစိုးရက ငြင်းဆိုထားပါတယ်။
Source - Reuters