အိန္ဒိယအာကာသအေဂျင်စီက လရဲ့ တောင်ဝင်ရိုးစွန်းပေါ်ကို အာကာသယာဉ်တစင်း ဆင်းသက်ဖို့ ကြိုးပမ်းချက်တရပ်ကို အကောင်အထည်ဖော်ဖို့ နီးကပ်လာနေပါတယ်။
နိုင်ငံရဲ့ အာကာသစွမ်းအင်အဖြစ် ရပ်တည်မှုနဲ့ အနာဂတ်မှာ လကမ္ဘာရှာဖွေရေးတို့အတွက် သက်ရောက်မှုရှိတဲ့ လုပ်ငန်းစဉ်တရပ်လည်း ဖြစ်ပါတယ်။
အိန္ဒိယ အာကာသသုတေသနအဖွဲ့ (ISRO) ရဲ့ ချန်ဒရာယန်-၃ အာကာသယာဉ်ဟာ လရဲ့ တောင်ဝင်ရိုးစွန်းပေါ် ပထမဆုံး ဆင်းသက်နိုင်သူဖြစ်ရေး ရုရှားနိုင်ငံနဲ့ ယှဉ်ပြိုင် ကြိုးပမ်းခဲ့တာပါ။
လရဲ့ တောင်ဝင်ရိုးစွန်းဟာ အနာဂတ်မှာ လပေါ်မှာ လူတွေ အခြေချနေထိုင်နိုင်ရေး ထောက်ပံ့ပေးနိုင်တဲ့ ရေခဲတွေရှိတဲ့ အရိပ်ကျနေတဲ့ မီးတောင်ဝတွေ ရှိတယ်လို့ ယူဆရတဲ့ ဒေသ ဖြစ်ပါတယ်။
ရုရှားနိုင်ငံရဲ့ Luna-25 စစ်ဆင်ရေး မအောင်မမြင်ဖြစ်သွားတဲ့ ဩဂုတ် ၂ ရက်နေ့က သတင်းကြောင့် ချန်ဒရာယန်-၃ ဟာ လပေါ်ကို သြဂုတ် ၂၃ ရက်မှာ ဆင်းသက်ဖို့ လမ်းကြောင်းပေါ် ရောက်နေပြီလို့ အိန္ဒိယအာကာသ သုတေသနအဖွဲ့ ISRO က ပြောခဲ့ပါတယ်။
ဇူလိုင် ၁၄ ရက်က လွှတ်တင်ခဲ့တဲ့ အာကာသယာဉ်ပေါ်က စနစ်အားလုံးဟာ ပြီးပြည့်စုံမှုရှိရှိ အလုပ်လုပ်နေပြီး ဆင်းသက်တဲ့နေ့မှာ ဖြစ်နိုင်ခြေတွေကိုလည်း မျှော်လင့်ထားတယ်လို့ အိန္ဒိယ အာကာသအေဂျင်စီက ပြောပါတယ်။
Source - Reuters