ဂရိနိုင်ငံအရှေ့မြောက်ပိုင်း အက်ဗ်ရော့စ်ဒေသမှာ သြဂုတ် ၂၁ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် တောမီးလောင်ကျွမ်းခဲ့လို့ လူတယောက် သေဆုံးခဲ့ပြီး ဒေသအများစုမှာ မီးလောင်ကျွမ်းမှုအန္တရာယ် မြင့်မားလာနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂရိနိုင်ငံတဝန်း တောမီး စုစုပေါင်း ၆၄ ကြိမ် လောင်ကျွမ်းခဲ့တာကြောင့် အာဏာပိုင်တွေဟာ တူရကီနယ်စပ်အနီး အက်ဗ်ရော့စ်ဒေသရှိ လူအများအပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ထားပါတယ်။
အက်ဗ်ရော့စ်ဒေသရှိ အလက်ဇန်ဒရိုပိုလစ်စ် ဆိပ်ကမ်းမြို့အနီး ကျေးလက်ဒေသမှာ တနင်္လာနေ့ ညနေပိုင်းက အမျိုးသားတဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံ ရဲအရာရှိတဦးက ရိုက်တာကို ပြောပါတယ်။
ဂရိနိုင်ငံမှာ နွေရာသီတောမီးတွေ အဖြစ်များပေမဲ့ မကြာသေးခင် နှစ်တွေအတွင်း ပုံမှန်မဟုတ်တဲ့ ပူပြင်းခြောက်သွေ့မှုနဲ့ လေတိုက်တဲ့ အခြေအနေတွေကြောင့် ရာသီဥတု ပြောင်းလဲမှုနဲ့ ဆက်နွှယ်မှုရှိကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
Source - Reuters