ဂွါတီမာလာနိုင်ငံမှာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး သူရဲကောင်း ဘာနာဒို အာရေဗာလိုကို သမ္မတအဖြစ် ဩဂုတ် ၂၀ ရက်နေ့က မဲပေးရွေးချယ်ခဲ့ပါတယ်။
ကနဦး မဲရလဒ်တွေက မကြာသေးမီကအထိ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အောင်ပွဲကို ရလိုက်တာဖြစ်ပြီး အကျင့်ပျက်ခြစားမှုနဲ့ အာဏာရှင်စနစ်တွေအောက်မှာ နှစ်ပေါင်းများစွာ အုပ်ချုပ်မှု အဆုံးသတ်ဖို့ မဲဆန္ဒရှင်အများအပြားက မျှော်လင့်ခဲ့ကြပါတယ်။
အသက် ၆၄ နှစ်အရွယ် သံတမန်ဟောင်းဖြစ်ပြီး သမ္မတဟောင်းရဲ့ သားဖြစ်သူ အာရေဗာလိုဟာ မဲအရေအတွက် ၉၉ ရာခိုင်နှုန်းရေတွက် ပြီးချိန်မှာ မဲစုစုပေါင်းရဲ့ ၅၈ ရာခိုင်နှုန်းကို ဦးဆောင်ရ ရှိထားပြီး သမ္မတကတော်ဟောင်း ဆန်ဒရာ တောရက်စ်ကတော့ မဲစုစုပေါင်းရဲ့ ၃၇ရာခိုင်နှုန်းအထိ ရထားပါတယ်။
အာရေဗာလိုက အကျင့်ပျက်ခြစားသူတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို သုတ်သင်ရှင်းလင်းပြီး တရားမျှတမှု ရရှိရေး တိုက်ပွဲဝင်ဖို့ ကတိပြုထားတဲ့ လူတွေကို ပြန်ရအောင် လုပ်ဖို့ ကတိပြုခဲ့ပါတယ်။
ဒါဟာ နိုင်ငံတွင်းကနေ ထွက်ပြေးခဲ့ရတဲ့ သတင်းထောက်တွေ၊ တရားသူကြီးတွေနဲ့ လွှတ်တော်အမတ်တွေကို ဆိုလိုခဲ့တာပါ။
သူရဲ့ အောင်ပွဲဟာ သြဇာလွှမ်းမိုးမှု ကြီးကြီးမားမား ကိုင်စွဲထားတဲ့ ဂွာတီမာလာ နိုင်ငံရေးပါတီတွေကို ရှုတ်ချလိုက်သလို ဖြစ်ခဲ့တာပါ။
အကြမ်းဖက်မှုနဲ့ စားနပ်ရိက္ခာ မဖူလုံမှုတွေက တိုင်းပြည်ကို ခြိမ်းခြောက်နေလို့ ရွှေ့ပြောင်းအခြေချမှု လှိုင်းသစ်တွေ ဂွါတီမာလာနိုင်ငံထဲမှာ ဖြစ်ပေါ်ခဲ့ပါတယ်။
Source-Reuters