မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ တိုးလာခဲ့ရင် တောင်ကိုရီးယား၊ အမေရိကန်၊ ဂျပန်တို့ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာမယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးက သြဂုတ် ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတဲ့ အမေရိကန်နဲ့ ဂျပန် ခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ပြီးနောက် ရက်ပိုင်းအကြာမှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးအတွင်း သူက ခုလို ပြောလိုက်တာပါ။
တောင်ကိုရီးယားနိုင်ငံမှာ လေးရက်ကြာမယ့် အူချီ အရပ်ဘက်ကာကွယ်ရေး လေ့ကျင့်ခန်းကို စတင်ခဲ့ပြီး အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းသိမ်းဖို့၊ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးတွေကို ပံ့ပိုးပေးဖို့နဲ့ စစ်ပွဲအတွင်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တည်ငြိမ်စေဖို့ နိုင်ငံအဆင့် အရေးပေါ် ကြိုတင်ပြင်ဆင်တာတွေ လုပ်ဖို့ လေ့ကျင့်တာလို့ ယွန်းက ပြောခဲ့ပါတယ်။
Source - Reuters