ဘရာဇီးနိုင်ငံရဲ့ ကမ်းခြေတခုမှာ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေက ရီယိုဒီဂျနေရိုးမြို့မှာ သြဂုတ် ၁၉ ရက်က စီးနင်းမှုအတွင်း သေဆုံးခဲ့တဲ့ ကလေးငယ်တွေရဲ့ ရုပ်အလောင်းကို ကိုယ်စားပြုတဲ့အနေနဲ့ အခေါင်းတလား ၁၄ ခုကို ချထားခဲ့ကြပါတယ်။
ဒီကလေးတွေဟာ ကျူးကျော်ရပ်ကွက်တွေအတွင်း ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အကြားမှာ အသတ်ခံခဲ့ရတာပါ။
အခုလအစောပိုင်းက ရဲတွေရဲ့ စစ်ဆင်ရေးတခုမှာ အသတ်ခံခဲ့ရတဲ့ အသက် ၁၃ နှစ်အရွယ် သီယာဂို မေနေဇက်စ် ဖလောက်ဇီနိုရဲ့ ဆွေမျိုးတွေဟာ အထင်ကရ ကိုပါကာဘာနာ ကမ်းခြေမှာ တရားမျှတမှုကို တောင်းဆိုဖို့ ချီတက်ဆန္ဒပြရာမှာ ပါဝင်ခဲ့ကြပါတယ်။
ဆော်ေပါ်လို၊ ရီယိုဒီဂျနေရိုနဲ့ ဘာဟီယာမြို့တွေမှာ ပူးတွဲရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးကာလ ဩဂုတ်လ ပထမပတ်အတွင်း လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။
“မူးယစ်ဆေးဝါးစစ်ပွဲ” လို့ ယူဆရတဲ့ စစ်ဆင်ရေးအပေါ် ကျွမ်းကျင်သူတွေက မေးခွန်းထုတ်ခဲ့ပါတယ်။
Source - Reuters