နိုင်ဂျာစစ်ခေါင်းဆောင် အဗ်ဒူရာဟာမယ်နီ တီယာနီက အာဏာသိမ်းခေါင်းဆောင်တွေရော၊ နိုင်ဂျာ ပြည်သူတွေကပါ စစ်ပွဲကို မလိုလားတာကြောင့် တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ သြဂုတ် ၁၉ ရက် ညနေပိုင်းက နိုင်ငံအတွက် ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောလိုက်ပါတယ်။
တချိန်တည်းမှာပဲ တီယာနီနဲ့ သူ့လူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ သမ္မတ မိုဟာမက် ဘာဇွန်းမ်ကို ဖြုတ်ချခဲ့တဲ့ ဇူလိုင် ၂၆ ရက် အာဏာသိမ်းမှုကို နောက်ပြန်ဆုတ်ဖို့ အနောက်အာဖရိက အစုအဖွဲ့ ECOWAS က သံတမန်နည်းလမ်းတွေကို ကြိုးစားရင်း နီယာမေမြို့မှာ ရှိနေပါတယ်။
ဒီမိုကရေစီ ပြန်ထူထောင်ဖို့ နောက်ဆုံးအားကိုးရာအဖြစ် အင်အားသုံးမယ်လို့ အီကိုဝက်စ် အစုအဖွဲ့ က သြဂုတ် ၁၈ ရက်မှာ ခြိမ်းခြောက်မှု နှစ်ဆတိုး လာပြီးတဲ့နောက် အာဏာသိမ်း စစ်ခေါင်းဆောင် တွေက ညှိနှိုင်းဖို့ လက်ခံလိုက်တာပါ။
ဖြစ်နိုင်ချေရှိတဲ့ စစ်ရေးစွက်ဖက်မှုအတွက် ထုတ်ဖော် မပြတဲ့ "D-Day" ကို သဘောတူခဲ့ပြီးပြီလို့ အီကိုဝက်စ်က ပြောခဲ့ပါတယ်။
လိုအပ်ရင် မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့ နိုက်ဂျာနိုင်ငံက အသင့်ရှိတယ်လို့ တီယာနီက သတိပေး ခဲ့ပါတယ်၊
နိုက်ဂျာစစ်အစိုးရဟာ သူ့ရဲ့ ကိုယ်ပိုင် အစီအစဉ် အတိုင်းလုပ်ဆောင်နေပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်ဖို့ သုံးနှစ်ထက်မပိုတဲ့ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲကို စတင်မယ်လို့လည်း တီယာနီက ပြောခဲ့ပါတယ်။
Source-Reuters