ဆွီဒင်ဝန်ကြီးချုပ် အော့လ်ဖှ် ခရစ်စတာစန်ဟာ ဆွီဒင်ကို အလည်အပတ် ရောက်နေတဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာဇလန်းစကီးနဲ့ သြဂုတ် ၁၉ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
ယူကရိန်းနိုင်ငံမြောက်ပိုင်း ချာရ်နီဟေးမြို့မှာ ရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်ခံရမှု နောက်ဆုံး ဖြစ်ရပ် အပြီး ယူကရိန်းနိုင်ငံအတွက် စစ်ရေးအရ ပံ့ပိုးကူညီရေး ဆွေးနွေး ခဲ့ပါတယ်။
ဆွီဒင်နိုင်ငံ ဟာ့ရ်ပ်ဆွန့် မြို့မှာ ကျင်းပတဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း ဇလန်းစကီး နဲ့အတူ ရပ်ရင်း ရုရှားရဲ့ တိုက်ခိုက်မှုအတွက် စာနာကြောင်း သူက ပြောပါတယ်။
ဆွီဒင်ဟာ တင့်ကားတွေ၊ လေယာဉ် ပစ်စနစ်တွေနဲ့ Type 90 သံချပ်ကာ ခြေလျင်တိုက်ခိုက်ရေး ယာဉ်တွေလို လက်နက်တွေ ထောက်ပံ့ ပေးရင်း ယူကရိန်းစစ်ပွဲအတွက် ကြိုးပမ်းချက်တွေကို ကူညီပေး နေတာပါ။
ယူကရိန်းအစိုးရဆီ ခဲယမ်း မီးကျောက် တွေနဲ့ အပိုပစ္စည်းတွေ အဓိကပါတဲ့ ဒေါ်လာ ၃၁၃ ဒသမ ၅ သန်းဖိုး စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှု အစီအစဉ် အသစ်တစ်ခု စီစဉ်နေတယ်လို့ ဆွီဒင် ကာကွယ်ရေး ဝန်ကြီး ပါးလ် ဂျွန်ဆင်က အင်္ဂါနေ့မှာ ပြောခဲ့ ပါတယ်။
ဆွီဒင်နိုင်ငံထုတ် CV-90 သံချပ်ကာ ယာဉ်တွေ ထုတ်လုပ်တဲ့ စင်မြင့်တွေကို ထုတ်လုပ်၊ သင်တန်းပေး၊ ဝန်ဆောင်မှု ပေးရာမှာ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်သွားဖို့ ဆွီဒင်က ကတိပြုထား တယ်လို့ ဆွီဒင် ဝန်ကြီးချုပ်က ပြောပါတယ်။
Source-Reuters