Home
မြန်မာသတင်း
ရာဘာရာသီ စတော့မည်ဖြစ်သော်လည်း လုပ်သားရှားပါးနေ
DVB
·
August 20, 2023
368052316_234882439541720_5240097384316266464_n

ရာဘာအစေးခြစ်လုပ်ငန်းရာသီ ပြန်လည်စတင်တော့မှာဖြစ်ပေမဲ့ အစေးခြစ်လုပ်သား ရှားပါးနေရတယ်လို့ မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက ရာဘာခြံသမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရာဘာရာသီတုန်းက ရေး၊ သံဖြူဇရပ်ဘက်မြို့နယ်က ကျေးရွာတချို့ဘက်တွေမှာ တိုက်ပွဲတွေဖြစ်တာ၊ မြန်မာငွေစျေးကျလို့ တဖက်အိမ်နီးချင်း ထိုင်း၊ မလေးရှားဘက်ကို သွားပြီး အလုပ် လုပ်ကိုင်ကြတဲ့သူတွေလည်းများတာကြောင့် လုပ်သားရှားပါးတာကို ကြုံရတယ်လို့ ရာဘာခြံရှင်တွေက ပြောပါတယ်။

ခြံသမားတယောက်က “လာမယ့် ရာဘာရာသီမှာ အစေးခြစ်လုပ်ငန်းက နောက်လမှာ ပြန်စတင်တော့မှာပါ။ အရင်နှစ်ရာသီဆို လူငှားက ရှာရတာ အဆင်ပြေတာပေါ့နော်။ အခုလာမယ့် ရာသီမှာက အခုချိန်အထိ လူရှာလို့မရသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရာဘာရာသီတုန်းက ထင်သလောက်ဈေးမရခဲ့ဘဲ ပြည်ပက ဝယ်တာရှိမှ ဈေးကောင်းတတ်တယ်လို့ နယ်က ရာဘာကုန်သည်တွေက ပြောပါတယ်။

ပြီးတော့ မြန်မာကထွက်တဲ့ ရာဘာဟာ အိမ်နီးချင်းနိုင်ငံတွေထက် အရည်အသွေး ညံ့တာကြောင့် တခြားနိုင်ငံတွေလောက် ဈေးရလေ့မရှိပါဘူး။

ရာဘာကို မွန်ပြည်နယ်မှာ အဓိကစိုက်ပျိုးထုတ်လုပ်ကြပြီး စိုက်ဧကပေါင်း ၅ သိန်းလောက်ရှိတာကြောင့် နှစ်စဉ် အစေးခြစ်လုပ်သား ၁ သိန်းခွဲလောက် ဝင်ရောက် လုပ်ကိုင်နေကြပါတယ်။

ထွက်ရှိလာတဲ့ ရာဘာကုန်ကြမ်းတွေကို တရုတ်နိုင်ငံဘက်က အဓိက ဝယ်ယူခဲ့ကြတယ် လို့ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024