Home
မြန်မာသတင်း
သိမ်ဇရပ်မြို့အနီးတွင် တော်လှန်ရေးအင်အားစုများ ပူးပေါင်းစစ်ဆေး
DVB
·
August 19, 2023
368021119_781238234006615_510942889813404357_n

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အနီးက ရွာတွေကို တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး သြဂုတ် ၁၈ ရက်နေ့က နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးလုပ်ခဲ့တယ်လို့ KYAIKHTO REVOLUTION FORCE(KRF) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

သိမ်ဇရပ်မြို့အနီးက ကမ်းနီ တိုးဂိတ်၊ ပုဂံဘုရား၊ သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်နဲ့ သိမ်ဇရပ်မြို့အဝင်တို့ကို  မနက် ၇ နာရီကနေ ၁၁ နာရီအထိ စစ်ဆေးခဲ့ပြီး ပြည်သူတွေကလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်စစ်ဆေးခံခဲ့တယ်လို့ ဆိုပါတယ်။

ABSDF က တာဝန်ရှိသူ တယောက်က “မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီးစစ်ဆေးခဲ့တာပါ။ နှစ်နေရာခွဲ စစ်ပါတယ်။ ဒီနယ်မြေကို စိုးမိုးနိုင်တယ်ဆိုတာ ပြတဲ့သဘောလေးပါ။ ကိုယ့်ကို ထောက်ခံအားပေးတဲ့သူလည်းရှိသလို မုန်းတဲ့သူလည်းရှိမှာပါ။ ထွေထွေထူးထူးမရှိပါဘူး” လို့ ပြောပါတယ်။

ပူးပေါင်းစစ်ဆေးရာမှာ KNU/KNLA၊ KRF၊ ABSDF၊ ဝံပလွေနက်စစ်ကြောင်းအဖွဲ့၊ ကျိုက်ထိုပကဖ တို့ ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024