တရုတ်နိုင်ငံမြို့တော် ပေကျင်းမှာ သြဂုတ် ၁၇ ရက်က ကျင်းပတဲ့ ၂၀၂၃ ကမ္ဘာ့စက်ရုပ်ညီလာခံ(WRC) မှာ လူနဲ့တူတဲ့ စက်ရုပ်တွေရဲ့ မျက်နှာပေးနဲ့ အပြုအမူတွေကို အဆင့်မြှင့်တင်ထားတဲ့ နည်းပညာအသစ်တွေနဲ့အတူ လာရောက်ကြည့်ရှုသူတွေကို ခင်းကျင်းပြသခဲ့ပါတယ်။
လူသားနဲ့တူတဲ့ စက်ရုပ်ကုမ္ပဏီ EXRobots က သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန (R&D) အင်ဂျင်နီယာ ရှိအာက ဒီလို အဆင့်မြှင့်တင်မှုဟာ လူသားနဲ့တူတဲ့ စက်ရုံတွေရဲ့ အဆစ်တွေကို ပိုပြီး သဘာဝကျကျ ရွေ့လျားနိုင်စေပြီး အသေးစိတ် ဖော်ပြမှုနဲ့ လက်ချောင်းတွေ ပိုသိမ်သိမ်မွေ့မွေ့ လှုပ်ရှားနိုင်စေခဲ့တယ်လို့ ပြောပါတယ်။
လူသားနဲ့တူတဲ့ စက်ရုပ်တွေဟာ လာရောက်လည်ပတ်သူတချို့ရဲ့ ချီးကျူးမှုကို ရရှိခဲ့ကြပြီး တချို့က အလွန်လက်တွေ့ကျတဲ့ အသွင်အပြင်ကြောင့် ထိတ်လန့်ခဲ့ကြပါတယ်။ နှစ်ပတ်လည်ညီလာခံကို သြဂုတ် ၁၆ ရက်ကနေ ၂၂ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
Source-Reuters