Home
မြန်မာသတင်း
မီး​သွေးရှားပါးသဖြင့် လောင်စာတောင့်အသုံးပြုမှု ပိုများလာ
DVB
·
August 19, 2023
368713190_1630799794076176_3917725732769072110_n

မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုကြောင့် မီးသွေးရှားပါးမှုနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် မီးသွေးဖိုတွေ မီးသွေးမဖုတ်နိုင်လို့  မီးသွေးအစားထိုး လောင်စာတောင့် အသုံးပြုမှုတွေ ပိုများလာတယ်လို့ အသေးစားလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။

မြို့တွင်း မီးသွေးပေါက်စျေး တပိဿာ ကျပ် ၁,၀၀၀၊ လောင်စာတောင့်ပေါက်စျေး တပိဿာ ကျပ် ၁,၂၀၀ ရှိပေမဲ့ မီးသွေးဝယ်ရခက်ပြီး လောင်စာတောင့်က မီးသွေးထက် မီးလောင်ချိန် ပိုများတဲ့အတွက် လောင်စာတောင့်တွေကို ပိုအသုံးများလာကြတာပါ။

လောင်စာတောင့်တွေကို သစ်သားပြား၊ ကောက်ရိုး၊ ဝါးပြား၊ ဆန်ခွံ၊ မြေပဲခွံ၊ ဖွဲခွံ၊ ဇီးသီးစေ့၊ ပြောင်းခွံ စတာတွေအသုံးပြုပြီး ထုတ်လုပ်ကြတာဖြစ်ပါတယ်။

လောင်စာတောင့်ရောင်းဝယ်သူတဦးက “မီးက တအားပျက်တော့ မီးသွေး အသုံးများလာကြတာပေါ့။ အခု လမ်းခရီးအခြေအနေတွေက မကောင်းဘူး။ မီးသွေးက ဝယ်ရခက်နေတော့ လောင်စာတောင့် အသုံးပြုမှုတွေ ပိုများလာတာပါ။ လောင်စာတောင့်က မီးသွေးထက်လည်း အပူရှိန်များပြီး မီးလောင်ချိန် ပိုကြာတော့ သုံးရပိုအဆင်ပြေပါတယ်” လို့ ပြောပါတယ်။

လောင်စာတောင့်တွေဟာ ဝယ်ယူရလွယ်ကူတာ၊ အပူချိန်ပိုများတာ၊ သယ်ယူလွယ်ကူတာတို့ကြောင့် လူအသုံးပြုမှု ပိုများလာတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024