ဝက်စ်ဟမ်းကွင်းလယ်ကစားသမား လူးကပ်ပါကေတာဟာ ပရီးမီးယားလိဂ်ရဲ့ လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုနဲ့ စစ်ဆေးခံနေရပါတယ်။
အသက် ၂၅ နှစ်ရှိ ဘရာဇီးကွင်းလက်ရွေးစင် ပါကေတာရဲ့ လောင်းကစား စည်းမျဉ်းချိုးဖောက်မှု တွေကို အသေးစိတ်မထုတ်ပြန်သေးပေမဲ့ အက်ဖ်အေရဲ့အရေးယူမူခံရဖို့က သေချာသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးမှုတွေဟာ ဘရာဇီးအခြေစိုက် လောင်းကစားမှုတွေအပေါ်မှာ အဓိက ထားလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ နားလည်ရပြီး ပါကေတာ ဘက်ကလည် ငြင်းဆန်ထားတယ်လို့သိရပါတယ်။
ပါကေတာဟာ မနှစ်ကနွေရာသီကမှ ပြင်သစ်ကလပ် လီယွန်ကနေ ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့လာတာပါ။
အခုနှစ်အပြောင်းအရွှေ့မှာ မန်စီးတီးအသင်းက ပေါင်သန်း ၇၀ နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမဲ့ လောင်ကစားစည်းမျဉ်း ချိုးဖောက်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတာက အပြောင်းအရွှေ့မှာ အတားအဆီးဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။