အိန္ဒိယမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဆတ်လေ့ဂျ်မြစ်ပေါ်ရှိ ဘာကရာရေကာတာနဲ့ ဘီးယာ့စ်မြစ်ပေါ်ရှိ ပွန်င်ရေကာတာတို့က ရေတွေ ဖောက်ချလိုက်ပြီး နောက်မှာ ပန်ဂျပ်ပြည်နယ်ရဲ့ နေရာအနှံ့အပြားမှာ ဩဂုတ် ၁၇ ရက်က အကြီးအကျယ် ရေလွှမ်းမိုးခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ဂူဒါးရ်စ်ပါးမြို့မှာ နေထိုင်သူ ရာပေါင်းများစွာကို ဘေးကင်းရာ နေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အခုဆိုရင် စက်လှေ ၄ စီးနဲ့ ရွာအသီးသီးကိုသွားမယ့် စုစုပေါင်း အဖွဲ့လေးဖွဲ့ရှိတယ်လို့ အိန္ဒိယစစ်တပ်မှ ဒုတိယဗိုလ်မှူးကြီး ဗီကေဆင်းန်က ပြောပါတယ်။
သူတို့ရဲ့ အဓိကရည်ရွယ်ချက်ဟာ ရေမြုပ်နေတဲ့ အိမ်တွေကနေ ထွက်လာချင်သူတွေ၊ အိမ်တွေထဲ ရေဝင်ပြီး စားနပ်ရိက္ခာတွေ မရှိတော့တဲ့ ရွာသူရွာသားတွေနဲ့ ပြည်သူတွေကို ရိက္ခာနဲ့ စားနပ်ရိက္ခာ ပံ့ပိုးပေးဖို့ဖြစ်ပြီး သူတို့တွေကို ကယ်ဆယ်ဖို့ လိုအပ်ကြောင်းလည်း ပြောဆိုပါတယ်။
တာတမံကျိုးပေါက်နေတဲ့အတွက် ကိုယ်တိုင် သစ်ပင်ခုတ်နေတဲ့ ဒေသခံ ဟာဘိန်းစ် ဆင်းန် ကလည်း ဒေသခံတွေအားလုံး ကြိုးပမ်းဆောင်ရွက်နေပြီး ဒီဘေးကင်းရေး အစီအမံအားလုံးကို ကိုယ်တိုင်လုပ်ဆောင်နေရတယ်လို့ ပြောပြပါတယ်။
အဲဒီနေ့မှာပဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ရတဲ့ ဟီမာချလ်ပရာဒက်ရှ်ပြည်နယ်ရဲ့ ကန်ဂရာခရိုင်မှာလည်း ရေကြီးရေလျှံမှု အတိုင်းအတာကို ရိုက်ကူးခဲ့တဲ့ ဝေဟင်ဓာတ်ပုံတွေကနေ မြင်တွေ့ရပါတယ်။
Source - Reuters