ဆော်ဒီလိဂ်ဆီပြောင်းရွှေ့ခဲ့တဲ့ နေမာရဲ့ဆုံးဖြတ်ချက်အပေါ် ဘောလုံးပရိသတ်တွေက စိတ်ပျက်လက် ပျက်ဖြစ်ခဲ့ကြပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းမှာ ၂ နှစ်တာကာလအတွင်း ပေါင်သန်း ၂၆၀ အထိဝင်ငွေရရှိနိုင်မှာပါ။
အသက် ၃၁ နှစ်အရွယ်မှာပဲ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွါသွားတဲ့ နေမာအပေါ် ပရိသတ်တွေက နှမြောတသဖြစ် နေကြပြီး ဆော်ဒီလိဂ်ဆီပြောင်းရွှေ့တာဟာ စောလွန်းနေသေးတယ်လို့ ထင်မြင်ကြပါတယ်။
နေမာဟာ ဘောလုံးပွဲစဉ်တွေမှာစောင့်ကြည့်ချင်စရာကောင်းတဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့ကစားသမားဘ၀ ပြီးဆုံးသွားတဲ့အပေါ် မယုံကြည်နိုင်အောင်ဖြစ်မိကြောင်းလည်း ပရိသတ်တစ်ဦးက ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
နောက်ထပ်ပရိသတ်တစ်ဦးကတော့ နေမာဟာ အသက် ၃၁ နှစ်မှာပဲ ဆော်ဒီလိဂ် ပြောင်းရွှေ့ခဲ့တာဟာ စိတ်ပျက်စရာဖြစ်ပြီး အမ်ဘာပေသာပြောင်းရွှေ့ဖို့ လက်ခံခဲ့မယ်ဆိုရင် ပိုပြီး စိတ်ပျက်စရာကောင်းတော့မှာဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။
စီရော်နယ်ဒို၊ မက်ဆီနဲ့ နေမာတို့ ဥရောပပြိုင်ပွဲတွေကနေ အသီးသီးထွက်ခွါသွားတာဟာ မျိုးဆက်တစ်ခု ကုန်ဆုံးသွားခဲ့တာဖြစ်ကြောင်းလည်း ပရိသတ်တစ်ဦးက မှတ်ချက်ပေးရေးသားခဲ့ပါတယ်။