ဥရောပမှာ ရုရှားကြေးစားစစ်တပ် ဝဂ္ဂနာရဲ့ တပ်ဖွဲ့ဝင်တွေက ဘယ်နယ်မြေမှာ နယ်မြေစိုးမိုးရေး ခြိမ်းခြောက်မှု ဖြစ်လာသလဲ ဆိုတာကို အမေရိကန်က ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အမေရိကန်အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သြဂုတ် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။
ဝဂ္ဂနာအုပ်စုရဲ့ တပ်ဖွဲ့တွေ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးရာမှာ တပ်ဖွဲ့ဝင်တချို့ဟာ အာဖရိကမှာ တပ်စွဲထားဆဲဖြစ်ပြီး တချို့က ဘယ်လာရုစ်နိုင်ငံဆီ သွားခဲ့ကြပြီး တချို့ကတော့ ယူကရိန်း ဒါမှမဟုတ် ယူကရိန်း အနီးတဝိုက်မှာ ရှိနေနိုင်တယ်လို့ ကာဘီက ပြောပါတယ်။
ဘယ်လာရုစ် အစိုးရရဲ့ ရန်လိုပြီး မိုက်မဲတဲ့ လေလုံးထွားမှုတွေကို အမေရိကန်အစိုးရက သတိပြု မှတ်သားထားတယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီး ကာဘီက ပြောပါတယ်။
ဝဂ္ဂနာအဖွဲ့က ကြေးစားစစ်သည်တွေ ဘယ်လာရုစ်နိုင်ငံထဲမှာ ခိုလှုံလာခဲ့အပြီး သီတင်းပတ်အတွင်း လစ်သူယေးနီးယား အစိုးရက ဘယ်လာရုစ်နိုင်ငံနဲ့ နယ်နိမိတ် ဖြတ်ကျော်တဲ့ နယ်စပ်ဂိတ် ခြောက်ခုထဲက နှစ်ခုကို ပိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လစ်သူယေးနီးယား အစိုးရဟာ လုပ်ငန်းသုံးယာဉ်တွေ မသုံးတဲ့ ကျေးလက်လမ်းကူးနေရာ နှစ်ခုကို သောကြာနေ့မှာ ပိတ်ဖို့ အကြောင်းပြချက်အဖြစ် အခြေအနေတွေနဲ့ ခြိမ်းခြောက်မှုတွေကို ထုတ်မပြောခဲ့ပါဘူး။
Source - Reuters