ဒူးဒဏ်ရာအခြေအနေက မျှော်လင့်ထားတာထက် ပိုမိုဆိုးရွားသွားခဲ့ကြောင်း အာဆင်နယ် နောက်ခံလူ ယူလီယန်တင်းဘားက ပြောပါတယ်။
တင်းဘားဟာ အာဆင်နယ်က နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲဦးထွက် ကစားခွင့်ရခဲ့ပေမဲ့ ဒူးဒဏ်ရာရခဲ့လို့ လူစားလဲခဲ့ရတာပါ။
မူလက ရက်ပိုင်းအတွင်းမှာ သက်သာပျောက်ကင်းဖို့ မျှော်လင့်ထားကြပေမဲ့ ခွဲစိတ်ကုသရဖို့ ဖြစ်လာတာကြောင့် ကာလရှည်အနားယူရဖို့ရှိပါတယ်။
အာဆင်နယ်ဘက်ကလည်း တင်းဘားအနေနဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသရမှာဖြစ်ပြီး ကာလရှည် အနားယူရနိုင်ကြောင်း ထုတ်ပြန်ပါတယ်။
အာဆင်နယ်အသင်းဘက်က ယုံကြည်စွာနဲ့ခေါ်ယူခဲ့တဲ့အပေါ် ကွင်းထဲမှာ ပြန်လည်ပေးဆပ်သွားချင်ကြောင်း၊ ဒဏ်ရာပြန်မကောင်းခင်အထိ ပွဲကြည့်စင်ကနေ အားပေးသွားမှာ ဖြစ်ကြောင်း တင်းဘား ကပြောပါတယ်။
တင်းဘားအနေနဲ့ ကာလရှည်အနားယူရနိုင်ပေမဲ့ ဘယ်နောက်ခံလူ တာဗာရက်ဇ်ကို ဆက်ထိန်းဖို့မရှိ ကြောင်းလည်း အာဆင်နယ်အသင်းက အသိပေးခဲ့ပါတယ်။