ဘာစီလိုနာအသင်းဟာ ကစားသမားဟောင် ဒေကို ကို အားကစားဒါရိုက်တာသစ်အဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။
အသက် ၄၅ နှစ်ရှိ ပေါ်တူဂီကွင်းလယ်ကစားသမားဟောင်းကို ပြီးခဲ့တဲ့လပိုင်းကတည်းက ဘာစီလိုနာအသင်းက ခေါ်ယူခဲ့တာဖြစ်ပြီး အမြဲတမ်းအားကစားဒါရိုက်တာအဖြစ် မနေ့ကမှ တရားဝင်ခန့်အပ်ခဲ့တာပါ။
ဒေကိုဟာ အသင်းရဲ့ အားကစားဆိုင်ရာကိစ္စတွေမှာ ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး လာလီဂါချန်ပီယံဆုကို ကာကွယ်နိုင်ရေးအပြင် ချန်ပီယံလိဂ်မှာလည်း အောင်မြင်မှုရရှိဖို့ ကူညီပေးသွားမဲ့သူဖြစ်ကြောင်း ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အားကစားဒါရိုက်တာဟောင်းဖြစ်သူ အယ်လီမန်နေက နွေရာသီအပြောင်းအရွှေ့ ကာလပြီးဆုံးတဲ့အထိ ဒေကိုနဲ့အတူ ဆက်လက်တာဝန်ယူမှာ ဖြစ်ပါတယ်။
ဒေကိုဟာ ၂၀၀၄ ခုနှစ်က ပေါ်တိုကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့လာသူဖြစ်ပြီး ၄ နှစ်ကြာ ကစားခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။