တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ အူချီလွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်သူလို့ နာမည်ပေးထားတဲ့ နွေရာသီ စစ်ရေးလေ့ကျင့်မှုကို ဩဂုတ် ၂၁ ရက်ကနေ ၃၁ ရက်အထိ ဆင်နွှဲမယ်လို့ သြဂုတ် ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။
ဒါဟာ မြောက်ကိုရီးယားရဲ့ တိုးမြင့်လာတဲ့ နျူးကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ မဟာမိတ်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ်လို့လည်း ပြောပါတယ်။ အခုနှစ် စစ်ရေးလေ့ကျင့်မှုဟာ ကျင်းပခဲ့ဖူးသမျှ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်လာမှာပါ။
နှစ်ဖက်စလုံးက သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို စုစည်းပြီး ကုလသမဂ္ဂတပ်တွေရဲ့ ကွင်းဆင်းလေ့ကျင့်မှု အစီအစဉ် ၃၀ လောက်မှာ အဖွဲ့ဝင်နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေလည်း ပါဝင်မှာဖြစ်လို့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုအဖြစ် ကျင်းပမှာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ (JCS) က သတင်းထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားက မဟာမိတ်တွေရဲ့ စစ်ရေးလေ့ကျင့်မှုကို နျူးကလီးယားစစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုအဖြစ် ရှုတ်ချခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သြဂုတ် ၁၁ နဲ့ ၁၂ ရက်တို့မှာ စစ်ဘက်ဆိုင်ရာ စက်ရုံတွေဆီ သွားရောက်လည်ပတ်ခဲ့ပြီး ကြီးမားတဲ့ စစ်အင်အားကို လုံခြုံစေရေးနဲ့ စစ်ပွဲအတွက် အဆင်သင့်ဖြစ်စေရေးအတွက် ဒုံးကျည်တွေ ထပ်မံထုတ်လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
Source - Reuters