အိန္ဒိယနိုင်ငံမှာ ဩဂုတ် ၁၂ ရက်က ကျင်းပတဲ့ ၆၉ ကြိမ်မြောက် နာမည်ကျော် နေရူးဆုဖလား လှေပြိုင်ပွဲကို ကြည့်ဖို့ နိုင်ငံတောင်ပိုင်း ကဲရာလာပြည်နယ်က အယ်လာပူရာမြို့မှာ လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြပါတယ်။
အခုနှစ်ပြိုင်ပွဲမှာ မြွေလှေကြီး ၁၉ စင်း အပါအဝင် စုစုပေါင်း လှေ ၇၂ စင်း ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
မြွေလှေတွေဟာ ဒေသရိုးရာဖြစ်ပြီး ရှည်လျားတဲ့ ကနူးပုံစံကြောင့် ခုလို ခေါ်ဝေါ်ကြတာပါ။ ဒီပွဲကို အိန္ဒိယရဲ့ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးရဲ့ နာမည်အတိုင်း မှည့်ခေါ်ထားပါတယ်။
နှစ်စဉ် သြဂုတ်လမှာ ကျင်းပလေ့ရှိပြီး ကမ္ဘာတဝန်းက ပရိသတ် ထောင်ပေါင်းများစွာကို ဆွဲဆောင်ထားပါတယ်။
အခုနှစ်မှာ ပါလာသူရူသီ လှေကလပ် အဖွဲ့ဝင်တွေက ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Source - Reuters