လာမယ့် ၂၄ နာရီအတွင်း ထိုင်းနိုင်ငံ ခရိုင်ပေါင်း ၃၉ ခုမှာ မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးရေလျှံနိုင်တယ်လို့ ထိုင်းနိုင်ငံမိုးလေဝသနဲ့ဇလဗေဒဌာနက ဩဂုတ် ၁၄ ရက် ဒီကနေ့ မနက် ၆ နာရီမှာ ထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ အနောက်တောင်မုတ်သုံလေအားကောင်းနေပြီး ထိုင်းနိုင်ငံမြောက်ပိုင်း၊ လာအိုနိုင်ငံမြောက်ပိုင်း၊ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနဲ့ တုံကင်ပင်လယ် ကွေ့တွေမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပါတယ်။
ဒီအခြေအနေတွေကြောင့် ထိုင်းနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်း ၊ အရှေ့မြောက်ပိုင်း၊ အနောက် တောင်ကမ်းရိုးတန်းဒေသနဲ့ အရှေ့ တောင်ကမ်းရိုးတန်းဒေသတွေမှာ မိုးရွာနိုင်ပြီး တချို့ဒေသမှာ မိုးသည်းထန်ကာ ရုတ်တရက် ရေကြီး ရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရေကြီးမှုအန္တရာယ်၊ တောင်ကျချောင်းရေနဲ့ အနိမ့်ပိုင်းဒေသရေဝပ်ရေလျှံတာ၊ လမ်း ပေါ်ရေလျှံခြင်းတွေ သတိထားကြဖို့နဲ့ ဘင်္ဂလားပင်လယ်အော်အောက်ပိုင်းနဲ့ ထိုင်းပင်လယ် အော်အောက်ပိုင်းမှာ လှိုင်းအမြင့် ၂ မီတာမှ ၃ မီတာထိ မြင့်တက်နိုင်တာကြောင့် ပင်လယ်ထွက်မယ့်လှေတွေသတိထားဖို့ ၊ လှေငယ်တွေဆိုရင် ကမ်းစပ်ကနေ မထွက်ကြဖို့ သတိပေးထားပါတယ်။
ဒီကနေ့မနက် ၆ နာရီမှ နက်ဖန်မနက် ၆ နာရီထိ မိုးရွာနိုင်မယ့်ခရိုင်တွေမှာ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ ဖယောင်း၊ နန့်၊ ဖရဲ့ ၊ လမ်းဖွန်း၊ လမ်းပန်း၊ ဥဒရဒစ်၊ တာ့ခ်၊ ဗိစနုလုတ်တို့ဖြစ်ပြီး ရွာရန်ရာနှုန်း ၆၀ ၊ အပူချိန် ၂၃ မှ ၂၅ ဒီဂရီစင်တီဂရိတ်ကြားနဲ့ အနောက်တောင်လေတိုက်နှူန်း ၁ နာရီလျှင် ၁၀ မှ ၂၅ ကီလိုမီတာကြား ရှိနိုင်ပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်း လွေး၊ နောင်ခိုင်၊ ဘင်ကန်၊ ဥဒွန်းဌာနီ၊ စကွန်းနခွန်း၊ နခွန်းဖနုန်၊ မုတ်တာဟန်၊ အမ်နတ်ကျရွန်း၊ ဥဘွန်းရာ့ချ်ဌာနီ တို့ဖြစ်ပြီး ရွာရန်ရာနှုန်း ၆၀ ၊ အပူချိန် ၂၃ မှ ၃၅ ဒီဂရီစင်တီဂရိတ်ကြားနဲ့ အနောက်တောင်လေတိုက်နှူန်း ၁ နာရီလျှင် ၁၀ မှ ၂၅ ကီလိုမီတာကြား ရှိနိုင်ပါတယ်။
ထိုင်းအလယ်ပိုင်း ကန်ကျန်နပူရီ၊ ရာ့ချ်ပူရီ၊ နခွန်းပထုန်၊ ဆမွတ်ဆုန်ခန်း၊ စမွတ်စခွန်း တို့ဖြစ်ပြီး ရွာရန်ရာနှုန်း ၆၀ ၊ အပူချိန် ၂၅ မှ ၃၇ ဒီဂရီစင်တီဂရိတ်ကြားနဲ့ အနောက်တောင်လေတိုက်နှူန်း ၁ နာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာကြား ရှိနိုင်ပါတယ်။
ထိုင်းအရှေ့ပိုင်း နခွန်းနာယုတ်၊ ပရာကျင်းပူရီ၊ ကျန်ထပူရီ၊ တလတ်တို့ဖြစ်ပြီး ရွာရန်ရာနှုန်း ၆၀ ၊ အပူချိန် ၂၅ မှ ၃၅ ဒီဂရီစင်တီဂရိတ်ကြားနဲ့ အနောက်တောင်လေတိုက်နှူန်း ၁ နာရီလျှင် ၂၀ မှ ၄၀ ကီလိုမီတာ၊ ပင်လယ်ပြင်လှိုင်းအမြင့် ၂ မီတာမှာ ၃ မီတာထိ မြင့်တက်နိုင်ပါတယ်။
ထိုင်းအရှေ့တောင်ပိုင်း ချွန်းဖွန်း၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်တို့ဖြစ်ပြီး ရွာရန်ရာနှုန်း ၇၀ မှ ၈၀ ၊ အပူချိန် ၂၄ မှ ၃၅ ဒီဂရီစင်တီဂရိတ်ကြားနဲ့ အနောက်တောင်လေတိုက်နှူန်း ၁ နာရီလျှင် ၂၀ မှ ၃၅ ကီလိုမီတာ၊ ပင်လယ်ပြင်လှိုင်းအမြင့် ၂ မီတာထိ မြင့်တက်နိုင်ပါတယ်။
ထိုင်းအနောက်တောင်ပိုင်း ရနောင်း၊ ဖန်င၊ ဖူးကက်၊ ကရပိ၊ တရန်းနဲ့ ဆဒွန်းတို့ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ၊ အပူချိန် ၂၄ မှ ၃၂ ဒီဂရီစင်တီဂရိတ်ကြား၊ အနောက်တောင်လေတိုက်နှုန်း ၁ နာရီလျှင် ၂၀ မှ ၄၀ ကီလိုမီတာ၊ ပင်လယ်ပြင်လှိုင်းအမြင့် ၂ မှ ၃ မီတာထိ မြင့်တက်နိုင်ပါတယ်။
ဘန်ကောက်နဲ့အနီးတဝိုက်ဒေသမှာ ရွာရန်ရာနှုန်း ၆၀ ၊ အပူချိန် ၂၇ မှ ၃၆ ဒီဂရီစင်တီဂရိတ်ကြား၊ အနောက်တောင်လေတိုက်နှုန်း ၁ နာရီလျှင် ၁၀ မှ ၂၅ ကီလိုမီတာထိ ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။