ကချင်ပြည်နယ် ဖားကန့်မြို့ မနရွာ မနတာဝါတိုင်ဘေးက မြေစာပုံ ပြိုကျပြီး အယောက် ၄၀ ခန့် ပါသွားတယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။
ဩဂုတ် ၁၃ ရက် ညနေ ၃ နာရီခွဲ ဝန်းကျင်က ကျောက်စိမ်းလုပ်ကွက် ရေအိုင်က မြေစာပုံပြိုကျခဲ့တဲ့ အရှိန်နဲ့ ပေ ၆၀ ခန့်အထိ ရေလှိုင်းမြင့်တက်ခဲ့ပြီး အနီးအနားက လက်ကျင်းတူးသမားတွေ ရွှေမျောတိုက်သူအားလုံး အယောက် ၄၀ လောက် ပါသွားတယ်လို့ ဆိုပါတယ်။
“မြေစာပြိုကျတော့ အဲ့က ကျောက်စိမ်းလုပ်ကွက် ရေအိုင်က မြေပြိုကျတဲ့ အရှိန်နဲ့ ပေ ၆၀/၇၀ အထိတောင် မြင့်တက်သွားတာ။ ကယ်ဆယ်ရေးတွေတော့ ရောက်နေပြီ။ ၃ ယောက်က လွတ်လာတယ်။ ပါသွားတဲ့သူတွေ တယောက်မှတော့ ပြန်မတွေ့သေးဘူး။ အယောက် ၄၀ လောက် အထိ ပါသွားတာ။ အခုထိ ရှာနေကြတုန်းပဲ။”
မြေစာပုံပြိုကျမှုကြောင့် ဘယ်နှဦး သေဆုံး၊ ဒဏ်ရာရတယ်ဆိုတာ မသိရသေးဘဲ ဒီဗွီဘီက ဆက်လက် စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။