Home
မြန်မာသတင်း
ချမ်းမြသာစည်တွင် စစ်ကောင်စီက မိသားစုဝင် ၄ ဦးကို ဖမ်းဆီးပြီး နေအိမ်ချိပ်ပိတ်
DVB
·
August 13, 2023
aung myanmar (13 august 2023)

ချမ်းမြသာစည်မြိုနယ် အောင်နန်းရိပ်သာအရှေရပ်ကွက်၊ ၃၀ လမ်း ၈၀ x ၈၁ လမ်းကြားမှာ ဒီနေ့ နေ့လယ် ၁ နာရီကျော်က အောင်မြန်မာ စာရေးကရိယာအမျိုးမျိုးဆိုင်ပိုင်ရှင်ဖြစ်သူအပါအဝင် ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး နေအိမ်ချိပ်ပိတ်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ အောင်မြန်မာစာရေးကရိယာဆိုင်ကို ဒီနေ့ နေ့လယ် ၁ နာရီက ဝင်ရောက်ကာ ဆိုင်ရှင်နဲ့သမီးဖြစ်သူ သုံးယောက်ကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အသက်ကြီးတဲ့ အမျိုးသမီးတွေချည်းပဲဖမ်းသွားတာ၊ ဆိုင်ကိုလည်းလာပြီး ချိပ်ပိတ် ဓာတ်ပုံတွေရိုက်သွားတယ်။" 

အောင်မြန်မာ စာရေးကရိယာအမျိုးမျိုးဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်မြင့်မြင့်သန်းအပါအဝင် ၄ ဦးကို စစ်ကောင်စီတပ်နဲ့ရဲတွေက သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သတင်းပေးတိုင်လို့ အဖမ်းခံရတာ၊ လတ်တလောတော့ ဆိုင်ကို ချိပ်ပိတ်ထားတယ်၊ PDF ကို ထောက်ပံ့နေတယ်ဆိုပြီး။"

ပြီးခဲ့တဲ့လတွေက ချမ်းမြသာစည်မြို့နယ်၊ မဟာအောင် မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တို့မှာ စစ်ကောင်စီတပ် နဲ့ ရဲတွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး နေအိမ်တွေ ချိပ်ပိတ်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024