Home
မြန်မာသတင်း
ဒိုက်ဦးတွင် မိုင်တဲတာဝါတိုင်မိုင်းခွဲခံရပြီး လာစစ်သည့် စစ်ကားလည်း မိုင်းခွဲခံရ
DVB
·
August 13, 2023
366611350_231116199918344_9109975071500535411_n

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဝါဂါမဏိကျေးရွာမှာရှိတဲ့ Mytel တာဝါတိုင်ကို သြဂုတ် ၁၂ ရက်နေ့ည ၁၀ နာရီလောက်မှာ မိုင်းဆင် ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ တော်လှန်ရေး အဖွဲ့တွေဆီက သိရပါတယ်။

Soul Takers-Yangon Underground Force အဖွဲ့နဲ့ မိတ်ဖက် 9 Stars UG အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး မိုင်းခွဲဖျက်ဆီးတဲ့အခြေအနေတွေကို စစ်ကောင်စီဘက်က လာရောက်စစ်ဆေးမှာကို သိရလို့ ထပ်မံစောင့်ဆိုင်းပြီး စစ်ကောင်စီယာဉ်တန်းကိုလည်း ဒီနေ့မနက် ၉ နာရီမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နယ်ထိန်းရဲတယောက် အရေးပေါ် အခြေအနေနဲ့ ဆေးရုံကို ရောက်တယ်လို့ သိရပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ တော်လှန်ရေး ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

စစ်တပ်ဘက်က ကားတစီး ထိခိုက်ပျက်စီးသွားခဲ့တာကြောင့် စစ်ကောင်တပ်သားတွေ အထိခိုက်နဲ့ အသေပျောက်ရှိနိုင်ပြီး အတိကျကိုတော့ အတည်မပြုနိုင်သေးသလို သတင်းထုတ်ပြန်ချိန်အထိ စစ်ကောင်စီဘက်က ဆက်လက် ပစ်ခတ်နေပေမဲ့  ရဲဘော်တွေအားလုံး သက်ဆိုင်ရာလွတ်မြောက်နေရာကို ရောက်နေပြီလို့လည်း တော်လှန်ရေးပူးပေါင်းအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024