Home
မြန်မာသတင်း
မြန်မာတွင် မိုခါမုန်တိုင်းကြောင့် ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံ တန်ဖိုး ပျက်စီးဆုံးရှုံးဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
DVB
·
August 13, 2023
367395973_216338154710913_472490315143358757_n

မြန်မာနိုင်ငံမှာ မေ ၁၄ ရက်က တိုက်ခတ်သွားခဲ့တဲ့ အင်အားအလွန်ပြင်းတဲ့ မိုခါ ဆိုင်ကလုန်းမိုခါကြောင့် ထိခိုက်ဆုံးရှုံးမှုပျှမ်းမျှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံ ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ် ကသြဂုတ် ၁၀ မှာ ခန့်မှန်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ်ကောင်စီက မြန်မာနိုင်ငံအတွင်းဝင်ရောက်ဖို့ ကန့်သတ်ထားတာကြောင့် ကမ္ဘာ့ဘဏ်ဟာ မိုခါမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှုကိုခန့်မှန်းဖို့ Global Rapid Post-Disaster Damage Estimation(GRADE) နည်းစနစ်ကိုသုံးခဲ့ရပါတယ်။ ဒီစနစ်ဟာ အရင်းအနှီးစတော့ရဲ့ ပျက်စီးဆုံးရှုံးမှုကို ခန့်မှန်းဖို့ အဝေးထိန်း၊ ဒက်စ်တော့ခွဲခြမ်းစိတ်ဖြာမှုတစ်ခု ဖြစ်ပါတယ်။

GRADE နဲ့ တွက်ချက်မှုအရ မြန်မာနိုင်ငံမှာ မိုခါမုန်တိုင်းကြောင့် စုစုပေါင်းတိုက်ရိုက်ပျက်စီးမှု ပျမ်းမျှခန့်မှန်းချက်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံဖြစ်ပြီး ၂၀၂၁  GDPရဲ့ ၃ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိခဲ့ပါတယ်။

ထိခိုက်ပျက်စီးမှုတွက်ချက်ရာမှာ လူနေအိမ်၊ လူနေအိမ်မဟုတ်တဲ့ အဆောက်အအုံတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိကတွက်ချက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုရဲ့ ၈၄ ရာခိုင်နှုန်းဟာ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ဖြစ်ပြီး မန္တလေး၊ မကွေးနဲ့ချင်းတို့လည်း ထိခိုက်ခဲ့ပါတယ်။

မိုခါမုန်တိုင်းကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရခိုင်ပြည်နယ်က အဆိုးရွားဆုံးထိခိုက် ပျက်စီးခဲ့တာ ဖြစ်ပြီး ခရိုင် ၇ ခုနဲ့ မြို့နယ် ၁၇ မြို့နယ်မှာ လူဦးရေ ၁ ဒသမ ၂ သန်း ထိခိုက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်(IDP) စခန်းတွေမှာလည်း ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ချင်းစတဲ့ တိုင်းနဲ့ပြည်နယ် ၅ ခုမှာ ရေကြီးရေလျှံပြီး ကျန်းမာရေးနဲ့ ပညာရေးနဲ့ ဆိုင်တဲ့ အဆောက်အဦတွေ ပျက်စီးသွားတဲ့အပြင် ဆက်သွယ်ကွန်ရက်တွေနဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေလည်း ပျက်စီးသွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024