နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ခါဒူနာပြည်နယ်၊ ဇာရီယာမြို့မှာ သြဂုတ် ၁၁ ရက်က ဝတ်ပြုသူတွေ ပြည့်နှက်နေတဲ့ ဗလီတစ်ခုပြိုကျပြီး လူ ၇ ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။
မြို့လယ်ဗလီမှာ ဝတ်ပြုသူ ရာနဲ့ချီ တက်ရောက်တဲ့ နေ့ခင်းပိုင်း ဆုတောင်းပွဲတွေ လုပ်နေတုန်း ပြိုကျခဲ့တာလို့ ဇာရီယာ အီးမရိတ်စ်ကောင်စီက ပြောရေးဆိုခွင့်ရှိသူ အဗ်ဒူလာဟီ ခွာဘိုင်က ပြောပါတယ်။
အစောပိုင်းက ရုပ်အလောင်းလေးလောင်းကို ရှာတွေ့ခဲ့ပြီး ပြိုကျနေတဲ့ ဗလီကို ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေပြီးတဲ့နောက် နောက်ထပ် အလောင်း သုံးလောင်းကို ရှာတွေ့ခဲ့ပါတယ်” လို့ သူက ဆက်ပြော ပါတယ်
စည်းမျဥ်း စည်းကမ်းတွေ ညံ့ဖျင်းပြီး ဆောက်လုပ်ရေးပစ္စည်းတွေ အရည်အသွေး နိမ့်ကျနေတဲ့ အာဖရိကရဲ့ လူဦးရေအများဆုံးနိုင်ငံမှာ အဆောက်အဦတွေ မကြာခဏ ပြိုကျလေ့ရှိပါတယ်။
Source-Reuters