ကွင်းလယ်လူ ပါကေတာကိုခေါ်ယူဖို့ မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းချက် လက်ခံရရှိခဲ့တယ်လို့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က အတည်ပြုသွားပါတယ်။
ဘရာဇီးလက်ရွေးစင်ကွင်းလယ်လူ ပါကေတာအတွက် မန်စီးတီးဘက်က ပေါင်သန်း ၇၀ ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်အသင်းက ချက်ချင်း ပယ်ချခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းဟာ ပါကေတာအတွက် ပေါင် ၈၅ သန်းဝန်းကျင် အလိုရှိနေပြီး လာမယ့်ရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၅ သန်းပေး ခေါ်ယူနိုင်တယ်လို့ လည်းသိရပါတယ်။
နည်းပြမိုယက်စ်က“ကျနော် ပြောနိုင်တာကတော့ စီးတီးဆီကနေ ကမ်းလှမ်းမှု ရရှိခဲ့ပေမဲ့ ဒါဟာ အသင်းက သတ်မှတ်ထားတဲ့ တန်ဖိုးနဲ့ ကိုက်ညီမှု မရှိသေးပါဘူး” လို့ ပြောပါတယ်။
ပါကေတာဟာ ၂၀၂၂ ခုနှစ်ကမှ လိုင်ယွန်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။