ချဲလ်ဆီးအသင်းဟာ လိဒ်ယူနိုက်တက်ကွင်းလယ်လူ တိုင်လာအဒမ်ကိုခေါ်ယူဖို့ အလွန်နီးစပ် လာခဲ့ပါတယ်။
ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆယ်ဒိုနဲ့ ဆောက်သမ်တန်ကွင်းလယ်လူ လာဗီယာတို့ကို ခေါ်ယူဖို့ အခက်အခဲရှိနေချိန်မှာ တိုင်လာအဒမ်ကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက ကြိုးပမ်းခဲ့တာပါ။
အမေရိကန်လက်ရွေးစင် တိုင်လာအဒမ်ဟာ စာချုပ်ဖျက်သိမ်းကြေးပေါင်သန်း ၂၀ သာရှိတာကြောင့် ချဲလ်ဆီးအသင်းက အဲဒီစာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
အဒမ်ဟာ ရက်ပိုင်းအတွင်း ဆေးစစ်မှုခံယူဖို့ရှိပြီး မကြာခင်အချိန်မှာ ချဲလ်ဆီးနဲ့ စာချုပ်ချုပ်ဆိုဖို့ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ချဲလ်ဆီးအသင်းဟာ ကန်တေ၊ မေဆန်မောင့်နဲ့ ကိုဗာချစ်တို့လို အမာခံ ကွင်းလယ်ကစားသမားတွေကို လက်လွှတ်ခဲ့ရတာကြောင့် တိုင်လာအဒမ်အပြင် ကိုင်ဆယ်ဒိုနဲ့ လာဗီယာတို့ကိုပါ ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းမယ်လို့သိရပါတယ်။