Home
နိုင်ငံတကာ
ဂျာမနီက ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ် ထောက်ပံ့မည်
DVB
·
August 10, 2023
Patriots_10082023

ယူကရိန်းအစိုးရကို ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေး ဒုံးစနစ်တွေ ထပ်ပြီး ထောက်ပံ့ပေးဖို့ ဂျာမနီနဲ့ ယူကရိန်းတို့ သဘောတူခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီက သြဂုတ် ၉ ရက် ညနေပိုင်းမှာပြောတဲ့ မိန့်ခွန်းအတွင်း ပြောခဲ့ပါတယ်။

“ဒီနေ့ ဂျာမနီကနေ သတင်းကောင်းရှိပါတယ်။ ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်နဲ့ ကျနော်တို့ သဘောတူထားတဲ့အတိုင်းပါပဲ။ နောက်ထပ် ပက်ထရီယော့စနစ်တွေ ရောက်ဖို့ရှိပါတယ်။ ရုရှားအကြမ်းဖက်သမားဆီကနေ ကျနော်တို့ပြည်သူတွေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဂျာမနီအဓိပတိကို ကျေးဇူးတင်ပါတယ်။ ဂျာမနီနိုင်ငံနဲ့ ဂျာမန်အဓိပတိကို ပုဂ္ဂိုလ်ရေးအရ ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျွန်ုပ်တို့ရဲ့ ပြည်သူထောင်ပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ပါလိမ့်မယ်။ ဒါက ယူကရိန်းအတွက် ပြည့်စုံတဲ့ လေကာဒိုင်းတခု ဖန်တီးဖို့ သေချာပေါက် နီးကပ်လာပါလိမ့်မယ်။ ဒါက လူတွေ၊ မြို့တွေ၊ ရွာတွေကို ကူညီပေးပါလိမ့်မယ်” လို့ ဇလန်းစကီးက ပြောပါတယ်။

ဂျာမနီက ယူကရိန်းဆီ နောက်ထပ် ပက်ထရီယော့ လောင်ချာနှစ်စင်း တင်ပို့ဖို့ ဆုံးဖြတ်ခဲ့တယ် လို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024