အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ဒိုရယ်မြို့၊ မိုင်ယာမီဒါဒေမြို့နယ်ရှိ ရေကန် တကန်ထဲမှာ နစ်မြုပ်နေတဲ့ ကားဟောင်းတွေကို ရှာဖွေတွေ့ရှိပြီးနောက် အာဏာပိုင်တွေဟာ ကားတွေကို ပြန်လည် ဆယ်ယူနေပါတယ်။
သြဂုတ် ၉ ရက်မှာ ကားလေးစီးကို ဆွဲထုတ်နိုင်ခဲ့တယ်လို့ မိုင်ယာမီဒါဒေ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူးဝစ်ဆေးရာက ပြောပါတယ်။
ရဲတွေက မမြင်နိုင်လောက်အောင် တားဆီးပိတ်ဆို့ထားပေမဲ့ ရေကန်ထဲမှာ ကား ၃၂ စီး ရှိနေတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Acura Legend လို့ အတည်ပြုခဲ့တဲ့ ပထမဆုံးကားက ခိုးယူခံရတဲ့ကား ဖြစ်တယ်လို့ မိုင်ယာမီ ဒါဒေက ရဲစုံထောက် အယ်လ်ဗာရို ဇာဘာလေတာက WFLA ကို ပြောခဲ့ပါတယ်။
ဒီကားတွေဟာ ထူးခြားတဲ့ အမှုတွေနဲ့ ဆက်နွှယ်ခြင်းရှိမရှိ စစ်ဆေးဖို့ ကားအားလုံးကို ရဲတွေက စုံစမ်းစစ်ဆေးနေတယ်လို့ USA Today သတင်းမှာ ဖော်ပြပါတယ်။
ရဲစုံထောက် ဇာဘာလေတာကလည်း ဒီရေကန်ဧရိယာဟာ အပြည့်အဝ မဖွံ့ဖြိုးမီ ဆယ်စုနှစ်များစွာကတည်းက ကားတွေ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ယုံကြည်နေတယ်လို့ ပြောခဲ့ပါတယ်။
မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆွေမျိုးတဦးကို ခေါ်ဆောင်သွားပြီး ပြန်မလာတော့ဘဲ ပျောက်ဆုံးနေတဲ့သူတယောက်ရဲ့ အမှုဟောင်းကို ဖြေရှင်းဖို့ စေတနာ့ဝန်ထမ်း ရေငုပ်သမားတွေက ရှာဖွေရင်း ဒီကားတွေကို တွေ့ရှိခဲ့တယ်လို့ ရေငုပ်သမားတွေက ပြောတဲ့အကြောင်း USA Today သတင်းဌာနက ဖော်ပြထားပါတယ်။
Source - Reuters