မန်ယူအသင်းဟာ နောက်ခံလူ မက်ဂွဲယားကို ရောင်းထုတ်ခဲ့ပြီးနောက် နောက်တန်း ကစားသမားသစ် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ယူနိုက်တက်ဟာ မက်ဂွဲယားကို ပေါင်သန်း ၃၀ လောက်နဲ့ ဝက်စ်ဟမ်းဆီ ရောင်းချခဲ့တာပါ။ ဒါကြောင့် နောက်ခံလူတဦး ထပ်မံခေါ်ယူသွားမှာဖြစ်ပြီး စကာတင်လေးဦးစာရင်း ထွက်ပေါ်လာခဲ့တာပါ။
မန်ယူအသင်းရဲ့ ပစ်မှတ်လေးဦးထဲမှာ ဘိုင်ယန်နောက်ခံလူ ပါဗက်ဒ်၊ လီဗာကူဆင်က တက်ပ်ဆိုဘာ၊ နိစ်အသင်းက တော့ဒီဘို၊ ခရစ္စတယ်ပဲလေ့က မက်ဂူယီတို့ ပါဝင်ပါတယ်။
မန်ယူအသင်းဟာ ခံစစ်ပိုင်း အားဖြည့်ပြီးပါက ကွင်းလယ်ခံစစ်နေရာအတွက် ဖီအိုရင်တီးနားက အမ်ရာဘက်နဲ့ အဲဗာတန်က အန်ဒရီအိုနာနာတို့ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။