Home
မြန်မာသတင်း
တိုက်ကြီးတွင် တောတွင်းမျှစ်သွားချိုးသည့် သားအဖ  ဆင်နင်းခံရပြီး အဖေဖြစ်သူ သေဆုံး
DVB
·
August 8, 2023
363433110_10159592871177913_4971275884717053269_n

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဘန့်ဘွေးကွင်းကျေးရွာမှာ မနေ့ နေ့လယ် ၁ နာရီက တောအတွင်းမျှစ်သွားချိုးတဲ့ သားအဖနှစ်ဦး ဆင်လိုက်ခံရပြီး အနင်းခံရတာကြောင့် ဖခင်ဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။

ဘန့်ဘွေးကွင်းကျေးရွာ၊ ကွင်းအမှတ် ၇၅၈ C တောကွင်းမှာ မျှစ်ချိုးနေတဲ့ သားအဖနှစ်ယောက် မနေ့ နေ့လယ် ၁ နာ‌ရီလောက်မှာ တောဆင်ငါးကောင်နဲ့တွေ့ကာ တိုက်ခိုက်ခံရပြီတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဆင်က မျှစ်တွေလာစားတဲ့အချိန် သူတို့သားအဖနှစ်ယောက်ကလည်း မျှစ်ချိုးတဲ့အချိန် တွေ့သွားတာ၊ ဆင်တွေက လိုက်တာ အဖေဖြစ်သူသေသွားတယ်။ ဒါတောင်ဆင်တွေက မသွားဘူး၊ နှစ်နာရီလောက်ကြာတယ် အဲ့နားတဝိုက်မှာနေတာ၊ နောက်မှ အဲ့နေရာက ထွက်သွားတာ။" 

သေဆုံးသူမှာ အသက် ၅၇ နှစ်အရွယ် ဦးလှမြိုင်ဖြစ်ပြီး အလောင်းအား တိုက်ကြီးမြို့နယ်ဆေးရုံကို ဒေသခံပရဟိတအဖွဲ့က လူနာတင်ယာဥ်နဲ့ပို့ဆောင်ပေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တိုက်ကြီးမြိုနယ် ကြိုးဝိုင်းသစ်တောများအတွင်း ဝါးတွေကို ခုတ်ယူနေတာကြောင့် ဝါးရှားပါးလာတာကြောင့် ဆင်တွေဟာ ဝါးပင်တွေ ပေါက်ရောကေရာ ကျေးရွာတွေအထိ ရောက်ရှိလာတာလို့ သစ်တောနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းအန္တရယ်နှစ်စဥ်ကြုံရလေ့ရှိပြီး တနှစ်တာကာလအတွင်း ဆင်နင်းခံရလို့ သေဆုံးသူ သုံးဦးထက်မနည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024